1. နာမကျန်းဖြစ်သည့်အခါ မည်သည့်နေရာသို့ သွားရမည်နည်း။

အအေးမိခြင်း၊ ဝမ်းပျက်ခြင်းစသည့် အပေါ့စား ‌ရောဂါလက္ခဏာများအတွက် နီးစပ်ရာ ဆေးခန်းများသို့ သွားနိုင်ပါသည်။
ကြီးမားသော ရောဂါလက္ခဏာနှင့် ဒဏ်ရာများအတွက် ဆေးရုံသို့ သွားပါ။

အနီးအနားရှိ ဆေးခန်း

‌ဆေးရုံ

အအေးမိခြင်း၊ ဝမ်းပျက်ခြင်းစသည့် အပေါ့စား ‌ရောဂါလက္ခဏာများ

ဆေးရုံ၊ ဒေသန္တရဆေးခန်း

ဆရာဝန်၏မိတ်ဆက်စာ

ကြီးမားသော ရောဂါဝေဒနာကို စစ်ဆေးတွေ့ရှိပါက
ခွဲစိတ်ရန်၊ ဆေးရုံတက်ရန်လိုချိန်

ကြီးမားသော ရောဂါလက္ခဏာနှင့် ဒဏ်ရာများ

ဆေးရုံကြီး
(အထွေထွေ ရောဂါကု ဆေးရုံ)

ဆေးခန်းနဲ့ ဆေးရုံရဲ့ ကွာခြားချက်က ဘာလဲ။

ဆေးရုံ – ဆေးရုံကုတင် ၂၀အထက်

ဆေးခန်း – ဆေးရုံကုတင် ၁၉ အောက်

※ကုတင်၂၀၀အထက် ဆေးရုံကြီးကို သွားသည့်အခါ၊ 「ဆရာဝန်၏မိတ်ဆက်စာ」မပါပါက ဆေးကုသစားရိတ်အပြင် ယန်း ၁၀၀၀〜၈၀၀၀ လောက် အပိုပေးဆောင်ရပါသည်။

ဆေးစစ်ပြသရန်နည်းလမ်းများ

ဂျပန်ပြည်တွင် မည်သူမဆို ဆေးရုံဆေးခန်းတွင် ဆေးကုသမှုခံယူခွင့် ရှိပါသည်။

  1. ရောဂါလက္ခဏာကို အတည်ပြု စစ်ဆေးပါမည်။
  2. ရောဂါလက္ခဏာနှင့်သက်ဆိုင်သော ဆေးကုသဌာနရှိသော နီးစပ်ရာ ဆေးရုံဆေးခန်းကို ရှာဖွေပါမည်။
    ※ရောဂါတစ်ခုတည်းကို သီးသန့်အထူးပြုကုသသော ဆေးရုံဆေးခန်းများလည်း ရှိပါသည်။ (မျက်စိဆေးခန်း (မျက်စိနှင့်ဆိုင်သော ရောဂါ)၊ သွားဆေးခန်း(သွားဘက်ဆိုင်ရာရောဂါ)၊ အရိုးအကြောခွဲစိတ်ဆေးခန်း(ဒဏ်ရာ)အစရှိသည်)
    ※ကုတင်၂၀၀အထက် ဆေးရုံကြီးသို့ သွားသည့်အခါ 「ဆရာဝန်၏မိတ်ဆက်စာ」ကို ယူဆောင်သွားသင့်ပါသည်။
    ※ကုတင်၂၀၀အထက် ဆေးရုံကြီးကို သွားသည့်အခါ၊ 「ဆရာဝန်၏မိတ်ဆက်စာ」မပါပါက ဆေးကုသစားရိတ်အပြင် ယန်း ၁၀၀၀〜၈၀၀၀ လောက် အပိုပေးဆောင်ရပါမည်။
    ※「ဆရာဝန်၏မိတ်ဆက်စာ」ကိုလိုအပ်ပါက ဆေးခန်းတွင် တောင်းယူရရှိနိုင်ပါသည်။
  3. လက်ခံကောင်တာတွင် ရောဂါလက္ခဏာကို ပြောပြပါ။ 「ကျန်းမာရေး အာမခံကတ်ကို ပြပါ」ဟုပြောလျှင် ထုတ်ပြပါ။
    ※ကာယကံရှင်ဖြစ်ကြောင်းအထောက်အထား(နိုင်ငံခြားသား မှတ်ပုံတင်ကတ် (ဇိုင်းလျူးကတ်)၊ နိုင်ငံကူးလက်မှတ် စသည်)ကို ပြသပါဟုပြောလျှင် ထုတ်ပြပါ။
  4. အလှည့်ကျလျှင် အမည်/နံပါတ်ခေါ်မည်ဖြစ်ပြီး ဆေးစစ်ဆေးမှုကို ခံယူရပါမည်။
    ※ကြိုတင် တိုကင်/ဘိုကင်ယူ၍ရသော ဆေးရုံဆေးခန်းများလည်း ရှိပါသည်။ ကြိုတင် တိုကင်/ဘိုကင်ယူထားပါက ဆေးရုံဆေးခန်းတွင် စောင့်ရချိန် လျော့နည်းသွားပါမည်။
    ※ဆေးစစ်ပြသပြီးနောက် ငွေတောင်းလွှာပြေစာနှင့် ဆေးစစ်ချက်မှတ်တမ်းများကို လွှင့်မပစ်ပဲ သေချာစွာ သိမ်းဆည်းထားကြပါစို့။ နောက်တစ်ကြိမ် ဆေးစစ်ပြသချိန်တွင် လိုအပ်နိုင်ပါသည်။
0မှတ်ချက်

အကဲဖြတ်ချက်