1. ကျန်းမာရေးအာမခံဆိုတာ ဘာလဲ။

• ကျန်းမာရေးအာမခံဆိုသည်မှာ ထိခိုက်ဒဏ်ရာရချိန် သို့မဟုတ် ဖျားနာချိန်တွင် ကုန်ကျသော ဆေးဝါးကုသစရိတ်ကို လူတိုင်းမှ မျှဝေပေးဆောင်သည့် စနစ်တစ်ခုဖြစ်သည်။
• ဂျပန်နိုင်ငံတွင် လူတိုင်းကျန်းမာရေးအာမခံ တစ်ခုခုကို ဝင်ရပါသည်။
• နိုင်ခြားသားများလည်း ဝင်ရောက်ရပါသည်။
• ကျန်းမာရေးအာမခံဝင်ရန် ကျန်းမာနေစဥ်လည်း လတိုင်း အာမခံကြေးငွေကို ပေးဆောင်ရပါသည်။
• အာမခံကြေးသည် သင်ရရှိသည့်ဝင်ငွေပေါ်မူတည်၍ ကွဲပြားခြားနားပါသည်။
• ကျန်းမာရေးအာမခံဝင်ထားပါက ဆေးရုံဆေးခန်းတွင် သင်ပေးရသောငွေသည် ကုန်ကျငွေ၏ ၃၀ % (၇၀% လျှော့) ဖြစ်သည်။
• သင်၏ စီမံကွပ်ကဲရေးအဖွဲ့မှ “ နိုင်ငံခြားသား အလုပ်သင် အထွေထွေအာမခံ" (JITCO အာမခံ) စသည်များတွင်ပါဝင်ထားပါက ဆေးရုံဆေးခန်းတွင် ပေးဆောင်ရမည့် ကျသင့်ငွေ ၃၀ % ကိုလည်း သင့်ကိုယ်စားပေးဆောင်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိမိ ပေးဆောင်ရမယ့်ငွေသည် သုညဖြစ်ပါသည်။
• ကုမ္ပဏီနှင့် အတည်ပြုကြည့်ကြပါစို့။
• ကျန်းမာရေးအာမခံသည်– ၀န်ထမ်းကျန်းမာရေးအာမခံနှင့် အမျိုးသားကျန်းမာရေးအာမခံ ဟူ၍ အမျိုးအစားနှစ်မျိုး ရှိပါသည်။ ထိုနှစ်ခု၏ ကွဲပြားခြားနားချက်ကို အောက်တွင် ရှင်းပြထားပါသည်။

0မှတ်ချက်

အကဲဖြတ်ချက်