4. ကုမ္ပဏီမှာ အလုပ်သမားသမဂ္ဂ ရှိသည်ဟု ကြားသိထားပါသည်။ မိမိက ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း များရှိလျှင် အလုပ်သမားသမဂ္ဂထံမှ မည်သည့်ထောက်ပံ့မှုမျိုး ရရှိနိုင်သလဲ။

• အလုပ်သမားသမဂ္ဂသည် ဥပမာအနေဖြင့် ဖျားနာ၊ ထိခိုက်ဒဏ်ရာရ၍ “ အလုပ်မလုပ်နိုင်ပါက ကုမ္ပဏီမှထွက်ခိုင်းမယ်" ‌စသဖြင့် ပြောဆိုခြင်းခံရသည့်အခါမျိုးတွင် ကုမ္ပဏီနှင့်ညှိနှိုင်း ဆွေးနွေးပေးပါမည်။ ထို့အပြင် လစာနှင့် ပတ်သက်သည့်ပြဿနာ၊ အလုပ်ထုတ်ခံရနိုင်ခြေရှိခြင်း၊ အာဏာသုံးနှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခြင်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
• အလုပ်သမားသမဂ္ဂကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမ မရွေး၊ ထို့အပြင်တခြားသူများနှင့် ကွာခြားချက်တစ်စုံတစ်ခုရှိသူ မည်သူမဆို ဝင်ရောက်နိုင်ပါသည်။

ဂျပန်ဘာသာဖြင့် သတင်းအချက်အလက်များ

နည်းပညာအလုပ်သင်များထံမှ နေ့စဉ် ဆွေးနွေးတိုင်ပင်မှုများကိုလက်ခံပြီး ပြဿနာများကို ဖြေရှင်းပေးနေသော တစ်နိုင်ငံလုံးရှိ လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ကွန်ရက်

နောက်ထပ်အချက်အလက်များ

ရာသီအပြောင်းအလဲတွင် သတိပြုရမည့် အချက်များ

ဂျပန်နိုင်ငံတွင် နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းရာသီ ဟူ၍ ရာသီဥတု ၄ မျိုးရှိပါသည်။ ရာသီပြောင်းချိန်တွင် အပူချိန်နှင့် စိုထိုင်းမှုတို့ ရုတ်တရက် အတက်အကျဖြစ်၍ မမာမကျန်းဖြစ်တတ်သောကြောင့် သတိပြုစေလိုပါသည်။
ဂျပန်နိုင်ငံ၏ နွေဦးရာသီသည် နွေးထွေးပြီး နေထိုင်၍ ကောင်းသော ရာသီဥတုတစ်ခုဖြစ်ပါသည်။.ကျောင်းများစတင်ဖွင့်လှစ်ခြင်း/ ဘဝသစ်များစတင်ခြင်းတို့ကြောင့် "နွေဦးရာသီသည် ဆုံစည်းမှုအသစ်များ၏ ရာသီ" ဟုဆိုကြပါသည်။ ချယ်ရီပန်းပွင့်များကိုကြည့်ရင်း စားသောက်ကြသည့် ပန်းကြည့်ပွဲ "ဟာနမိ" ကိုလည်း ပြုလုပ်ကြပါသည်။
ဂျပန်နိုင်ငံ၏ နွေရာသီသည် တစ်နှစ်လုံးတွင် အပူဆုံးရာသီပင်ဖြစ်သည်။ ဇွန် ~ ဇူလိုင်လလယ်လောက်တွင် မိုးရာသီ "စွတ်ယု"သို့ ဝင်ရောက်ပါသည်။ မိုးရာသီသို့ ရောက်ရှိလာပါက မိုးရွာပြီးစိုထိုင်းသော နေ့ရက်များ ဆက်နေပြီး၊ နေသာသောရက် သိပ်မရှိပါ။ မိုးရာသီလွန်ပါက အပူချိန်ကတစ်ရှိန်ထိုး တက်လာပြီး အမှန်တကယ် နွေရာသီ ရောက်ရှိပါသည်။ ဂျပန်နိုင်ငံအနှံ့တွင် နွေရာသီပွဲတော်နှင့် မီးပန်းပွဲတော်များ ကျင်းပါသည်။ အပူပြင်းတဲ့အခါ လေအေးပေးစက်၊ ပန်ကာများဖြင့် အခန်းတွင်းအပူချိန်ကို ထိမ်းသိမ်းကာ၊ ရေဓာတ်ကိုလုံလုံလောက်လောက် ဖြည့်တင်းပေးရန် လွန်စွာအရေးကြီးပေသည်။
ဂျပန်နိုင်ငံ၏ ဆောင်းဦးရာသီသည် နေထိုင်၍ကောင်းသော ရာသီဥတုဖြစ်ပါသည်။ ဂင်းကိုးရွက်နှင့် မေပယ်ရွက်များက အနီ၊ အဝါရောင်သို့ ပြောင်း၍ဖြစ်သော ရွက်နီ "ကိုးရော" သည် အလွန်နာမည်ကြီးပါသည်။ ဆူဆူကီမြက်၊ ဒန်းဂိုးမုန့်တို့ဖြင့် အလှဆင်၍ လကိုကြည့်ရှု့သည့် လကြည့်ပွဲ "ဆွတ်ကိမိ" ကိုလည်း ပြုလုပ်ပါသည်။
ဂျပန်နိုင်ငံ၏ ဆောင်းရာသီသည် ချမ်းအေးသော ရာသီဥတုဖြစ်ပါသည်။ ၁ - ၂လပိုင်းအတွင်းတွင် အချို့ဒေသများတွင် အပူချိန်မှာရေခဲမှတ်အောက်ရောက်ပြီး ဟိုကိုင်းဒိုး၊ တိုးဟိုကု၊ ဂျပန်ပင်လယ်ဘက်ရှိဒေသများတွင်း နှင်းကျပြီး စုပုံလာသည့်နေ့များလည်းရှိပါသည်။ ချမ်းအေးသည့်အခါ ခြေအိတ်များဝတ်ခြင်း၊ အပေါ်အင်္ကျီများ ဝတ်ခြင်းတို့ဖြင့် အဝတ်အစားကို အထိုက်အလျောက်ဝတ်ရန် လိုအပ်ပါသည်။ အပူပေးစက်အစရှိသည်ကို အသုံးပြုပြီး အခန်းအပူချိန်ကို ချိန်ညှိကြပါစို့။ တစ်နှစ်တာ၏ ပထဦးဆုံးလ၊ နှစ်သစ်ကူးပွဲသည် ဆောင်းရာသီတွင် ကျရောက်ပြီး "အိုဆဲချိ"ဟုခေါ်သော ခန်းနားထည်ဝါသော အစားအစာဖြင့် နှစ်သစ်ကူးပွဲကိုဆင်နွှဲကြသည်ကို တွေ့မြင်နိုင်ပါသည်။ ရာသီဥတု အပြောင်းအလဲတွင် ဖျားနာရန် လွယ်ကူပါသည်။ ထို့ကြောင့် ကျန်းမာရေးကို သတိထားပြီး၊ လုံလောက်စွာအိပ်စက်ကြပါစို့။
0မှတ်ချက်

အကဲဖြတ်ချက်