4. ကျန်းမာရေးစစ်ဆေးမှု ရှိတယ်လို့ ကြားထားပါတယ်။ ဘာအတွက်၊ ဘယ်တွေကို လုပ်တာပါလဲ?

• သင်သည် ကုမ္ပဏီတွင် ကျန်းမာစွာ ဆက်လက်အလုပ်လုပ်နိုင်ရန်အတွက် ဖြစ်သည်။ မိမိကိုယ်တိုင် သတိမထားမိသော ရောဂါများ၏ အစလက္ခဏာများရှိမရှိကို သွေးစစ်ခြင်းနှင့် အခြားစစ်ဆေးမှုများကို ပြုလုပ်၍ စစ်ဆေးပါမည်။ ရောဂါဖြစ်ကာစတွင် ရောဂါကို စောစောတွေ့ရှိပါက၊ စောစောကုသနိုင်သဖြင့် ဂျပန်နိုင်ငံတွင် တာဝန်ပြီးဆုံးသည်အထိ ကျန်းမာစွာဖြင့် တောက်လျောက် အလုပ်လုပ်နိုင်မည်ဖြစ်ပါသည်။ ဥပဒေအရ သတ်မှတ်ထားသောကြောင့် မလွဲမသွေ ဆေးစစ်ခြင်းခံယူပါ။
• ကျန်းမာရေးစစ်ဆေးခြင်း မခံယူနိုင်ပါက အရင်ဆုံး ကုမ္ပဏီကို မေးမြန်းပါ။ သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။

0မှတ်ချက်

အကဲဖြတ်ချက်