• စိတ်ကြွဆေးနှင့် ဆေးခြောက်အစရှိသည့် မူးယစ်ဆေးများကို အသုံးပြုခြင်းသည် ကိုယ်စိတ်နှစ်ခုစလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိသည်။ ပတ်ဝန်းကျင်ကလူများကလည်း သင့်အတွက် စိုးရိမ်ကြပါလိမ့်မယ်။ စူးစမ်းလိုစိတ် အနည်းငယ်ဖြင့် စတင်အသုံးပြုရာမှ ဆေးစွဲသွားသည့် ရောဂါရပြီး၊ မရပ်တန့်နိုင်တော့သူများ မြောက်မြားစွာ ရှိပါသည်။ ဆွဲဆောင်ခံရသောအခါ အနည်းငယ်ပင်တွေဝေမှုကို ပြသပါက နောက်ထပ်ဆွဲဆောင်ခံရပေမည်။ ဆွဲဆောင်ခံရသောအခါ “ ပြတ်ပြတ်သားသား" ငြင်းဆိုဖို့ အလွန်အရေးကြီးပါသည်။ ငြင်းဆိုရန် ခက်ခဲပါက ထိုနေရာမှ ရှောင်ထွက်သွားကြပါစို့။ ရှောင်ရှားထွက်ပြေးခြင်းသည်လည်း သတ္တိတစ်မျိုးပင်ဖြစ်သည်။
• စိတ်ကြွဆေးနှင့် ဆေးခြောက်အစရှိသည့် မူးယစ်ဆေးဝါးများကို အသုံးပြုပါက ဂျပန်ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရနိုင်သည်။ ပြစ်ဒဏ်အနေနဲ့ အလုပ်ထုတ်ခံရခြင်းလည်းရှိပါသည်။ အကယ်၍ သုံးစွဲမိပါက မိမိတစ်ဦးတည်း ရပ်တန့်ရန်မှာ လွန်စွာခက်ခဲ၍ ပညာရှင်များနှင့် တိုင်ပင်ပါ။ သုံးစွဲရန် တိုက်တွန်းခံရပြီး တွေဝေနေချိန် သို့မဟုတ် သုံးစွဲကြည့်မိပြီးနောက်တွင်လည်း ချက်ခြင်းတိုင်ပင် ဆွေးနွေးကြပါစို့။
မှတ်ချက်
ဤအချက်အလက်က အကူအညီဖြစ်ပါသလား။
ကျွန်ုပ်တို့၏ အကြံပြုချက်/ဝန်ဆောင်မှုကို သင်ကျေနပ်ပါသလား?
စိတ်ကျေနပ်ပါသည်
စိတ်မကျေနပ်ပါ
41 အကဲဖြတ်ချက်
18 အကဲဖြတ်ချက်
23 အကဲဖြတ်ချက်
