3. မိမိသည် ကိုယ်ဝန်ရှိနေနိုင်ပါသည်။ မည်သို့ လုပ်ဆောင်သင့်ပါသနည်း။

• “ ရာသီလာတာ နောက်ကျနေတယ်" ၊ “ ကိုယ်ဝန်ရှိနေတာလားမသိဘူး" လို့ ထင်ပါက ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်း၊ သားဖွားမီးယပ်ဌာနတွင် ပြသခြင်းများကို စောလျင်စွာ ပြုလုပ်ကြပါစို့။
• ဂျပန်နိုင်ငံရှိ ဆေးဆိုင်များတွင် ကိုယ်ဝန်ရှိမရှိ စမ်းသပ်သည့် ကိရိယာကို ဝယ်ယူနိုင်ပါသည်။ (စျေး– ၅၀၀ မှ ၁,၀၀၀ ယန်း) ကိုယ်ဝန်ရှိမရှိ စစ်ဆေးသော ကိရိယာဖြင့် စစ်ဆေးပြီး ကိုယ်ဝန်ရှိနေသည်ဟု အဖြေထွက်ပါက သားဖွားမီးယပ်ရောဂါဌာနကို သွားကြသည်က များပါသည်။
• အများအားဖြင့် ကိုယ်ဝန်ရှိသည်ဟု သတိထားမိသော အချိန်တွင် ကိုယ်ဝန်မှာ ၅ – ၆ ပတ်အတွင်း ဖြစ်နိုင်ပါသည်။ မွေးဖွားလိုပါက ကိုယ်ဝန်ဆောင်စဉ်အတွင်း မည်သည့်အရာကို သတိပြုသင့်ကြောင်း၊ စောစီးစွာသိထားသင့်သည့်အပြင်၊ ကိုယ်ဝန်သည် စာရင်းသွင်းထားပါက အမျိုးမျိုး အကူအညီများကို ရယူနိုင်ပါသည်၊၊
• ထို့အပြင် ကလေးမမွေးနိုင်ပါက ကိုယ်ဝန် ၂၂ ပတ်မပြည့်ခင်အထိ (၂၁ ပတ်နဲ့ ၆ ရက်) အထိ ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။ ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချသော အမျိုးသမီးနှင့် ဆရာဝန်များကို အပြစ်ပေးခြင်း မရှိပါ။ ညွှန်ကြားပေးသောသားဖွားဌာနတွင် ဘေးကင်းစွာ ကိုယ်ဝန်ဖျက်ချနိုင်ပါသည်။
• ကိုယ်ဝန်ရှိနေပြီဟု ထင်သည့်အခါ၊ ကိုယ်ဝန်ရှိနေသော်လည်း မည်သို့ ပြုလုပ်ရမည်ကို မသိပါက တစ်ယောက်တည်း တွေဝေမစိုးရိမ်နေဘဲ ချက်ချင်းတိုင်ပင်ကြပါစို့။

အသေးစိတ်ထပ်မံရှာဖွေမည်!

ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်းနှင့် ပတ်သက်၍ ကိုယ်ဝန်ရှိရင်လည်း အလုပ်ဆက်လုပ်နိုင်ပါသည်၊ ဂျပန်နိုင်ငံမှာလည်း မွေးဖွားနိုင်ပါသည်။ ကိုယ်ဝန်ရှိရင်လည်း အလုပ်ဆက်လုပ်နိုင်ပါသည်၊ ဂျပန်နိုင်ငံမှာလည်း မွေးဖွားနိုင်ပါသည်။ ကိုယ်ဝန်ဆောင်စဥ်နှင့် မီးဖွားပြီးနောက် အလုပ်လုပ်သော အမျိုးသမီးများအား ဥပဒေမှ အကာအကွယ်ပေးထားပါသည်။ နိုင်ငံခြားသားနည်းပညာအလုပ်သင်တစ်ဦးက ကိုယ်ဝန်ရှိလျှင်လည်း ဤဥပဒေက ကာကွယ်ပေးပါသည် (နည်းပညာအလုပ်သင် လက်စွဲစာအုပ်တွင်လည်း ရေးသားထားပါသည်)။ အခက်အခဲ တစ်ခုခုရှိပါက ဆက်သွယ်တိုင်ပင်ပါ။

1) ဂျပန်နိုင်ငံတွင် မီးဖွားသည့်အခါ ကျန်းမာရေးအာမခံ အသုံးပြုနိုင်ပါသလား။

အခြေခံအားဖြင့် ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားရန်အတွက် ကျန်းမာရေးအာမခံကို အသုံးမပြုနိုင်သော်လည်း ဒေသခံအစိုးရ (ကျေးရွာ၊ မြို့နယ်)များက အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ငွေပေးအပ်ပါသည်။ ကိုယ်ဝန်ရှိသည်ဟု သိရှိပါက မိမိနေထိုင်ရာ ကျေးရွာ၊မြို့နယ်၏ကောင်တာတွင် စောစောစီးစီး ကိုယ်ဝန်ဆောင်စာရင်းသွင်းပြီး ထောက်ပံ့ငွေကို ရယူပါ။

* ဂျပန်နိုင်ငံရှိ ကိုယ်ဝန်ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်စာမျက်နှာ - နိုင်ငံခြားသားများနှင့်အတူနေထိုင်ရေးအသင်း “ဂျပန်တွင် ကိုယ်ဝန်ဆောင်ခြင်းနှင့်မွေးဖွားခြင်းအတွက်ကုန်ကျစရိတ်များ”

2) ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးချိန်တွင်နေထိုင်ခွင့်ဗီဇာက မည်သို့ဖြစ်သွားမည်နည်း?

နိုင်ငံခြားသား နည်းပညာအလုပ်သင်တစ်ဦးမှ ဂျပန် သို့မဟုတ် အခြားတိုင်းပြည်တွင် ကလေးမွေးဖွားသည့်အခါ နည်းပညာအလုပ်သင်တန်းမှ ခေတ္တရပ်ဆိုင်းခြင်းခံရပါမည်။ သို့သော် မီးဖွားခွင့် ယူပြီးနောက် ပြန်လည်တက်ရောက်နိုင်ပါသည်။ မိခင်ဖြစ်သူ နည်းပညာသင်တန်းသား၏ ဗီဇာကိုလည်း သက်တမ်းတိုးခြင်း သို့မဟုတ် ပြောင်းလဲခြင်းများ ပြုလုပ်နိုင်ပါသည်။

* ဂျပန်နိုင်ငံရှိ ကိုယ်ဝန်ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်စာမျက်နှာ - နိုင်ငံခြားသားများနှင့်အတူနေထိုင်ရေးအသင်း - အားလုံးသိသင့်သည့်အချက်များ (တရားဝင်နေရပ်စည်းမျဉ်းကို ‘နည်းပညာအလုပ်သင်’ သို့မဟုတ် ‘သတ်မှတ်ကျွမ်းကျင်မှု’ ဟုထားသောအခါ)

* နေထိုင်ခွင့်ဗီဇာမရှိသူတစ်ဦးက ကိုယ်ဝန်ရှိလာလျှင် အသုံးပြုနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ခုလည်း ရှိသည်။

  1. မည်သို့မျှ မွေးဖွားစာရိတ်ကို မပေးဆောင်နိုင်ပါက မွေးဖွားချိန်တွင် ကုန်ကျသောငွေကို ဒေသအုပ်ချုပ်ရေးမှုးရုံးမှ ပေးဆောင်သော စနစ်ရှိပါသည်။ (အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း) သင်နေထိုင်ရာ ဒေသအုပ်ချုပ်ရေးမှူးရုံးမှာ လျှောက်ထားပါ။
  2. မိခင်နှင့်ကလေး ကျန်းမာရေးလက်စွဲစာအုပ်ကို ရနိုင်ပါသည်။
  3. ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မွေးကင်းစကလေးများ၏ ကျန်းမာရေးစစ်ဆေးမှုနှင့် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။
  4. အစိုးရမှ ပြည်သူတိုင်း လိုအပ်သည်ဟု အကြံပြုထားသည့် ကာကွယ်ဆေးများကို ထိုးခွင့် ရရှိနိုင်ပါသည်။ မိမိနေထိုင်ရာ ဒေသအုပ်ချုပ်ရေးမှူးရုံးများတွင် သွားရောက်ထိုးရပါမည်။

နေထိုင်ခွင့်ဗီဇာမရှိသူတစ်ဦးက ကိုယ်ဝန်ရှိလာလျှင် အသုံးပြုနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ခုလည်း ရှိသည်။

  1. ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးရုံတက်ရန်နှင့်၊ သားဖွားရန် အထောက်အကူပြုစနစ်ကို အသုံးပြုခြင်း (ကလေးသူငယ်လူမှုဖူလုံရေး ဥပဒေ ပုဒ်မ ၂၂)
  2. မိခင်နှင့်ကလေး ကျန်းမာရေးလက်စွဲစာအုပ် ထုတ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်စဉ်အတွင်းနှင့် မီးဖွားပြီးနောက် ပုံမှန် စစ်ဆေးခြင်း (မိခင်နှင့်ကလေး ကျန်းမာရေးဥပဒေ ပုဒ်မ ၁၆)
  3. ပုံမှန်ကာကွယ်ဆေးထိုးခြင်း (ကာကွယ်ဆေးထိုးခြင်းဥပဒေ ပုဒ်မ ၅)

3) ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမည်ဟု ဆုံးဖြတ်ပြီးပါက ဘာလုပ်သင့်ပါသနည်း။

ပထမဦးဆုံးအနေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားပြီး ကိုယ်ဝန်ရှိနေ၍ ကိုယ်ဝန်ဆောင်စာရင်းသွင်းလိုကြောင်း ပြောပါ။ လျှောက်လွှာရေးနည်းကို သင်ပြပေးရန် တောင်းဆိုနိုင်ပါသည်။ လျှောက်လွှာတင်ပြီးသောအခါ မိခင်နှင့်ကလေး ကျန်းမာရေး လက်စွဲစာအုပ် ရရှိပါမည်။ ထိုစာအုပ်ကို အသုံးပြုကာ မြို့နယ်ရုံး၏ ကျန်းမာရေးတာဝန်ခံမှ မွေးဖွားသည်အထိ ကူညီထောက်ပံ့ပေးပါမည်။

* ဂျပန်နိုင်ငံရှိ ကိုယ်ဝန်ဆောင်ရေးဆိုင်ရာ သတင်းအချက်အလက်စာမျက်နှာ - နိုင်ငံခြားသားများနှင့်အတူနေထိုင်ရေးအသင်း

* ဂျပန်နိုင်ငံတွင် မွေးဖွားခြင်းနှင့် ကလေးမွေးမြူခြင်းလုပ်ငန်းစဉ် - မိခင်နှင့်ကလေး ကျန်းမာရေးလက်စွဲစာအုပ် - Kanagawa အပြည်ပြည်ဆိုင်ရာဖောင်ဒေးရှင်း

4) မိမိတိုင်းပြည်သို့ပြန်ပြီး မီးဖွားမည်ဟုဆုံးဖြတ်ထားပါက မည်သို့လုပ်ဆောင်သင့်ပါသနည်း။

နည်းပညာအလုပ်သင်သည် မိမိနိုင်ငံသို့ပြန်ပြီး မီးဖွားသည့်အခါ မိမိနိုင်ငံသို့မပြန်မီ စီမံကွပ်ကဲရေးအဖွဲ့ကို နိုင်ငံခြားသား နည်းပညာ အလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီထံ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်စေပြီးမှ မိမိတိုင်းပြည်သို့ ပြန်ပါမည်။ နည်းပညာအလုပ်သင်သင်တန်းကို ပြန်လည်စတင်သည့် အချိန်တွင် နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီထံမှ နည်းပညာလေ့ကျင့်ရေးအစီအစဉ် အသစ်အတွက် အသိအမှတ်ပြုခြင်းကို ရယူပြီးနောက်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် လျှောက်ထား၍ “ နည်းပညာ အလုပ်သင်" ဗီဇာဖြင့် ဂျပန်နိုင်ငံသို့ နောက်တစ်ကြိမ် ပြန်လည်လာရောက်ရပါမည်။

5) ကလေးကိုမမွေးချင်ဘူးဆိုရင် ဘာလုပ်သင့်သလဲ။

• ဂျပန်နိုင်ငံ၏ဥပဒေအရ ကိုယ်ဝန် ၂၂ ပတ်မပြည့်ခင် (၂၁ ပတ်နဲ့ ၆ ရက်) အထိ ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်ထားသောရက်သတ္တပါတ်အပေါ်မူတည်၍ ကိုယ်ဝန်ဖျက်ချနည်းများ ကွဲပြားပါသည် ဂျပန်ပြည်တွင် ကနဦးကာလ (၁၂ပါတ် မပြည့်မီ) ကိုယ်ဝန်ဖျက်ချမှုအတွက် နေ့ခြင်းပြန် သို့မဟုတ် ၁ညအိပ်ဖြင့် ပြုလုပ်နိုင်ပါသည်။ ကာလလည် (၁၂ပါတ်မှ ၂၂ပါတ် မပြည့်မီ) ကိုယ်ဝန်ဖျက်ချမှုအတွက် သုံးလေးငါးရက်မှ တစ်ပါတ်ခန့် ဆေးရုံတက် ပြုလုပ်နိုင်ပါသည်။ ကိုယ်ဝန်ဖျက်ချခြင်း ခွဲစိတ်မှုသည် ကိုယ်ဝန်အစောပိုင်းကာလ (၁၂ ပတ်အောက်)နှင့် ထို့နောက်အတွက် ခွဲစိတ်နည်းများသည် ကွဲပြားပြီး အမျိုးသမီး၏ကိုယ်ခန္ဓာအပေါ် အကျိုးသက်ရောက်မှုလည်း ကွဲပြားခြားနားသည်။ အကယ်၍ ကိုယ်ဝန်ဖျက်ချမည်ဆိုပါက မြန်မြန်ဆုံးဖြတ်ချက်ချခြင်းက ကိုယ်ခန္ဓာအတွက် ဝန်ထုပ်ဝန်ပိုးကို လျော့နည်းစေပါသည်။
• သောက်ဆေးကို ၂၀၂၃ခုဧပြီလမှ စ၍ ဂျပန်ပြည်တွင်ခွင့်ပြုခဲ့သော်လည်း ဆေးဆိုင်တွင်ဝယ်မရပါ။ သောက်ဆေးMEFEEGO Packနှင့်ပါတ်သက်၍ ကျန်းမာရေးနှင့် အလုပ်သမား ဝန်ကြီးဌာန ။ ဂျပန်ပြည်တွင်ကိုယ်ဝန်ကနဦးကာလ (၉ပါတ် မပြည်မီ)အထိ သက်ဆိုင်ပေသည်။
• ကိုယ်ဝန်ဖျက်ချသည့်ခွဲစိတ်မှုအတွက် ကျန်းမာရေးအာမခံကို အသုံးပြု၍ မရပါ။ ဆေးရုံဆေးခန်းအပေါ်တွင် မူတည်သော်လည်း ကိုယ်ဝန်အစောပိုင်းကာလဖြစ်ပါက ယန်း ၁၀၀,၀၀၀ ဝန်းကျင် ဖြစ်ပါသည်။ ကိုယ်ဝန်အလယ်ပိုင်းကာလဖြစ်ပြီး ဆေးရုံတက်ရန်လိုအပ်ပါက ကုန်ကျစရိတ်ကို ဆေးရုံနှင့် ကြိုတင်စစ်ဆေးအတည်ပြုပါ။
• ကိုယ်ဝန်ဖျက်ချပြီးနောက် ခန္ဓာကိုယ်နှင့်စိတ်တွင် အမျိုးမျိုးအပြောင်းအလဲ ရှိနိုင်ပါသည်။
◎ ခန္ဓာကိုယ်… ကိုယ်ဝန်ဖျက်ချပြီးနောက် အချိန်ကြာမြင့်စွာ သွေးထွက်ခြင်း၊ နောက်တစ်ကြိမ် ရာသီလာခြင်းက မြန်ခြင်း၊ နှေးခြင်းဖြစ်နိုင်ပါသည်။
◎ စိတ်နှလုံး…… အမှားတစ်ခုခုကိုလုပ်မိပြီဆိုသည့် ခံစားချက်က အချိန်အတော်ကြာသည်အထိ စိတ်ဓာတ်ကျစေနိုင်ပါသည်။ ထို့အပြင် ကိုယ်ဝန်ရှိသည်ကို သိရှိသည်နှင့် ကိုယ်ဝန်ဖျက်ချမည်ဟုဆုံးဖြတ်သည့် ကာလအတွင်း မိမိလက်တွဲဖော်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသော အမျိုးသမီးများလည်းရှိပါသည်။
• ဤပြောင်းလဲခြင်းများသည် မည်သူတွင်မဆို ဖြစ်တတ်ပါသည်။ စိုးရိမ်ပါက သားဖွားမီးယပ်ဌာန၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်နိုင်သောနေရာများသို့ တွေဝေခြင်းမရှိဘဲ တိုင်ပင်ကြပါစို့။
• ဂျပန်ပြည်တွင် သပ်မှတ်ထားသော ဆရာဝန်က ဆေးသောက်/ခွဲစိတ်၍ ကိုယ်ဝန်ဖျက်ချနိုင်သည်ကို ပြဌန်းထားပါသည်။
• မိမိနိုင်ငံမှ ကိုယ်ဝန်ဖျက်ဆေးကိုပို့ခိုင်းခြင်း၊ မိမိကိုယ်တိုင် ယူဆောင်လာသော ဆေးဝါးဖြင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ ပြုလုပ်ပါက ဂျပန်ဥပဒေအရ အပြစ်ဒဏ်ပေးခံရပါလိမ့်မည်။ ထို့ပြင် ဆရာဝန်နှင့် ပြသစစ်ဆေးခြင်းမရှိဘဲ ဆေးဝါးသောက်ပြီး ကိုယ်ဝန်ဖျက်ချခြင်းသည် အန္တရာယ်ရှိသည်။
• အခက်အခဲရှိသောအချိန်တွင် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။

<အမျိုးသားများသို့>
အကယ်၍ ချစ်သူမိန်းကလေးနှင့်ဆွေးနွေးပြီး ကိုယ်ဝန်ဖျက်ချရန်ရွေးချယ်ပါက သူ့ကိုထောက်ပံ့ဖေးမပေးကာ အတူတကွကျော်ဖြတ်ကြပါစို့။

6) ကိုယ်ဝန်ဖျက်ချရန် အချိန်လွန်သွားပြီဖြစ်လို့ ကလေးမွေးမှ ရတော့မယ့် အခြေအနေဖြစ်ပါတယ်။

သို့သော် မွေးပြီးသည့်တိုင် ပြုစုပျိုးထောင်နိုင်ခြင်း မရှိပါ။ မကြာခင် မွေးဖွားပါတော့မည်။ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း? ချက်ခြင်းတိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်နှင့်တိုင်ပင်ခြင်းမပြုဘဲ မိမိဘာသာ ကလေးမွေးဖွားပြီးနောက် ကလေးသေဆုံးခဲ့သည်ရှိသော် ဂျပန်ဥပဒေအရ အပြစ်ပေးခံရနိုင်ခြေရှိပါသည်။ ကိုယ်ဝန်ရှိနေကြောင်း သိရှိထားပါက မည်သည့်ကိစ္စမဆို ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

အကြံဉာဏ်ရယူပါ။

0မှတ်ချက်

အကဲဖြတ်ချက်