5. လုပ်ကိုင်ပြောဆိုပုံများက ယခင်နှင့် မတူဘဲ၊ ပြောင်းလဲနေ၍ စိတ်ပူရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိပါသည်။ စိတ်ရောဂါကုဌာနတွင် ပြသဆေးစစ်ကြည့်ရန် အကြံပြုခဲ့သော်လည်း မလုပ်ချင်ဘူးလို့ ပြောပါသည်။ မည်ကဲ့သို့ ပြုလုပ်သင့်ပါသနည်း?

• အရင်ဆုံး အလုပ်မှ တိုင်ပင်ရန်ကောင်တာ၏ တာဝန်ခံ သို့မဟုတ် နီးစပ်ရာ ယုံကြည်စိတ်ချရသူ ရှိပါက အကူအညီ တောင်းကြည့်ကြပါစို့။ ဂျပန်ဘာသာ တတ်ကျွမ်းသူအား အနီးဆုံး ဆွေးနွေးတိုင်ပင်သော ကောင်တာကို ရှာဖွေကြည့်ရှုစေပါ။
* ညပိုင်းနှင့် ပိတ်ရက် အရေးပေါ် စိတ်ရောဂါ ဆေးရုံဆေးခန်း ညွှန်ကြားရေးကောင်တာ (ဂျပန်ဘာသာ)

• သေကြောင်းကြံခြင်းနှင့် ဆက်စပ်နိုင်သော အပြုအမူပြုခြင်း၊ အလွန်အကျွံစိတ်လှုပ်ရှားနေခြင်း၊ ပစ္စည်းများကို ဖျက်စီးခြင်း၊ သူတပါးအား ထိခိုက်ဒဏ်ရာရစေခြင်းတို့ ရှိပါက ရဲဌာနကို ဖုန်းဆက်ကြပါစို့။

• စိတ်ပိုင်းဆိုင်ရာကုသဌာန သို့မဟုတ် စိတ်ရောဂါကုဆရာဝန်တွင် တိုင်ပင်ပြသကြပါစို့ (➡ ၅-၈ ကိုကြည့်ပါ)။

နောက်ထပ်အချက်အလက်များ

သင့်စိတ်ခံစားချက်သည် ယခုဘယ်လိုအခြေအနေ ဖြစ်နေပါသနည်း?

အောက်ပါမေးခွန်း ၁၅ ခုကို ဖြေကြည့်ကြပါစို့။ အောက်ပါမေးခွန်းများထဲမှ ဘယ်နှခု ကိုက်ညီနေပါသလဲ။ 

မှန်ပါသည်

1အိပ်ချင်သော်လည်း အိပ်မပျော်ခြင်း၊ အိပ်ပျော်သော်လည်း ချက်ခြင်းနိုးလာခြင်း၊ အချိန်ကြာမြင့်စွာ အိပ်သော်လည်း အိပ်ရေးမဝ၊ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ပါသလား?
2စိတ်မကြည်လင်ခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းပြီး အရာရာကို လက်လျှော့စွန့်လွှတ်လိုက်လိုစိတ်များရှိပါသလား?
3အကြောင်းအရင်းမရှိဘဲ မောပန်းခြင်း၊ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းများ ခံစားရသလား?
4မည်သည့်အစားအစာကိုမှ မစားသောက်လိုခြင်း၊ စစားမိပါက မရပ်နိုင်ခြင်း၊ အရက်သေစာ အသောက်လွန်ခြင်းများရှိပါသလား?
5ခေါင်းကိုက်ခြင်း၊ အန်ချင်ခြင်း၊ မူးမေ့ခြင်းတို့ ဖြစ်ပါသလား?
6တော်ရုံနှင့် အာရုံမစူးစိုက်နိုင်ဘဲ၊ မိမိရှေ့ရှိ အလုပ်အပေါ် စိတ်မနှစ်နိုင်ခြင်း၊ သတိထားမိလျှင် တခြားအရာတစ်ခုခုကို တွေးတောစဉ်းစားနေခြင်းများရှိပါသလား?
7စိတ်လှုပ်ရှားနေခြင်း၊ စိတ်တိုလွယ်ခြင်းများ ဖြစ်ပါသလား?
8လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်မှလူတွေနှင့် ဝေးကွာနေပြီး မိမိတစ်ယောက်တည်း ရပ်နေတယ်၊ အပေါင်းအသင်း၊ အကူအညီမရှိဘဲ တစ်ယောက်တည်းအထီးကျန်နေတယ်လို့ ခံစားရပါသလား?
9စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အမြဲစိုးရိမ်ထိတ်လန့်ခြင်းများဖြစ်ခြင်း၊ ကိုယ့်ဘာသာကို ပြဿနာများ ဖန်တီးနေမိခြင်းများ ရှိပါသလား?
10ရင်တစ်ဒိတ်ဒိတ် ခုန်ခြင်း၊ အသက်ရှုခက်ခဲခြင်းများ ဖြစ်ပါသလား?
11သေချင်တယ်လို့ စဥ်းစားမိခြင်း ဒါမှမဟုတ် သတ်သေဖို့ စဥ်းစားမိခြင်း ရှိပါသလား?
12"ငါက အသုံးမကျတဲ့လူပဲ"၊ "ငါ့မိသားစုကို စိတ်ပျက်အောင်လုပ်မိပြီ" လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ဖူးသလား?
13ယခင်နှင့်မတူဘဲ ပတ်ဝန်းကျင်ကို ကြောက်ရွံ့လာခြင်း၊ ပတ်ဝန်းကျင်မှ တစ်ခုခုလုပ်ခံရတော့မယ်လို့ ခံစားရခြင်းများရှိပါသလား?
14အသံအနည်းငယ်ကြားရုံဖြင့် ထိတ်လန့်ခြင်း၊ တစ်နေရာရာမှ အသံများကြားနေရခြင်းများ ရှိပါသလား။
15ယခင်ကထက် အကြောင်းအရင်းမရှိဘဲ တက်ကြွလာပြီး စကားများလာခြင်း၊ ယခင်ကထပ်ပိုပြီးစျေးဝယ်ခြင်းများ ရှိပါသလား။

“ မှန်ပါသည်" အဖြေ အရေအတွက် …..     /15

နောက်ထပ်အချက်အလက်များ

“ မှန်ပါသည်" အဖြေက တစ်ခုပင်ရှိပါက…. ကိုယ်စိတ်ပင်ပန်းနွမ်းနယ်မှုများ စတင်နေပါပြီ။ အောက်ပါနည်းလမ်းများကို အမျိုးမျိုး စမ်းကြည့်ကြပါစို့။ စိတ်နှလုံးလန်းဆန်းလာပြီး၊ ကောင်းစွာအိပ်စက်နိုင်၍ ကိုယ်စိတ်နှလုံး ကျန်းမာလာပါလိမ့်မည်။

• အလုပ်တွင် ခဏနားတဲ့အချိန်မှာ ပေါ့ပါးစွာ အကြောလျှော့ကြည့်ပါ။

• မိမိအတွက် သက်တောင့်သက်သာရှိနိုင်သော ပမာဏလောက် လေ့ကျင့်ခန်း လုပ်ကြည့်ကြပါစို့။

တိုင်းပြည်တစ်ခုတည်းမှ အတူတူလာသောသူများ၊ စိတ်တူကိုယ်တူလွတ်လွတ်လပ်လပ် အေးဆေးစွာ ပြောဆို နိုင်သူများအား မိမိရဲ့လက်ရှိ စိတ်ခံစားချက်တွေကို ပြောပြပါ။

• အင်တာနက်မှတဆင့် သင့်တိုင်းပြည်မှ မိသားစု၊ မိတ်ဆွေများနှင့် စကားပြောခြင်းသည်လည်း ကောင်းပါသည်။

• ကြိုက်နှစ်သက်သောတေးဂီတကို နားထောင်ခြင်း၊ နှစ်သက်သောစာအုပ်ကို ဖတ်ခြင်းများ လုပ်ကြည့်ကြပါစို့။

• သဘာဝ အလှတရားများ ရှိသည့်နေရာသို့ အလည်သွားကြည့်ကြပါစို့။

နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းရာသီတို့တွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲသွားပုံများကို ခံစားကြည့်ကြပါစို့။

• ညစာကို အိပ်ရာမဝင်မီ အနည်းဆုံး နှစ်နာရီမတိုင်မီ အပြီးစားကြပါစို့။

• စမတ်ဖုန်းကို အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီလောက်ကို နောက်ဆုံးထားပြီးသုံးပါ။

• အိပ်ရာမဝင်ခင် တစ်နာရီလောက်အထိ အေးအေးဆေးဆေး ရေနွေးစိမ်ကြည့်ပါ။

• မနက်တွင် တတ်နိုင်သလောက် ပုံမှန်အချိန်တွင် ထပါ။ မနက် အိပ်ယာထလျှင် အရင်ဆုံး ကန့်လန့်ကာနှင့် ပြတင်းပေါက်များကို ဖွင့်ကြပါစို့။ အခန်းက မှောင်နေပါက အခန်းမီးကို ဖွင့်ပါ။ တတ်နိုင်ပါက အပြင်ထွက်ပြီး နေရောင်ခြည်ခံပါ။

• အရက်သောက်ပါက နှစ်နှစ်ချိုက်ချိုက် အိပ်မပျော်နိုင်ပဲ ပိုမို ပင်ပန်းနွမ်းနယ်စေပါသည်။ အရက်နှင့် ဆေးလိပ်ကို အားကိုးခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

ကိုးကား– “ စိတ်ကျန်းမာရေး သတိပေးအကြံပြုချက်များ" ကို ပြောင်းလဲတင်ပြပါသည်။

အကယ်၍ ဤအချက်များကို စမ်းသပ်ပြုလုပ်ကြည့်သော် “ မှန်ပါသည်" ဆိုသော အချက်များ မလျော့နည်းသွားပါက စိတ်ကျန်းမာရေးကျွမ်းကျင်သူဖြင့် တိုင်ပင်ကြည့်ကြပါစို့။

၅-၈ ကို ကြည့်ပါ

“ မှန်ပါသည်" အဖြေက ၃ခုအထက် ရှိပါက…

သင့်စိတ်သည် အလွန်ပင်ပန်းနေပုံရသည်။

ဆေးရုံဆေးခန်းတွင် စိတ်ကျန်းမာရေးဆိုင်ရာ အထူးကု၊ တနည်းဆိုသော စိတ်ပိုင်းဆိုင်ရာကုသမှုဌာနနှင့် စိတ်ရောဂါကု ဆရာဝန်နှင့် ပြသသင့်ပေသည်။

သင့်ကို ဆေးပေးပါက သက်သာလာပါမည်။

0မှတ်ချက်

အကဲဖြတ်ချက်