5. ၅-၆။ ရုတ်တရက် ပတ်ဝန်းကျင်မှာရှိတဲ့ လူများအား ကြောက်လာပြီး၊ မိမိ ၏မကောင်းကြောင်း ပြောနေကြသကဲ့သို့ ခံစားရပါသည်။ အသံတွေကိုလည်း အမှန်တကယ် ကြားနေရပါသည်။ မည်ကဲ့သို့ ပြုလုပ်သင့်ပါသနည်း?

• တစ်စုံတစ်ယောက်က အတင်းအဖျင်း ပြောနေသည်ဟု ခံစားနေရလျှင် “ မိမိအား အကောင်းမမြင် ခံစားမှုဝေဒနာ" ၊
ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသော်လည်း စကားပြောသံနှင့် ထူးဆန်းတဲ့အသံများ ကြားရပါက “ ထင်ယောင်ထင်မှား ခံစားမှုဝေဒနာ" ဆိုသော ရောဂါလက္ခဏာများ ဖြစ်နိုင်ပါသည်။ ကိုယ်စိတ်ပင်ပန်းနေသည့်အခါ ဖြစ်တတ်သည့် လက္ခဏာများဖြစ်သည်။

• ထိုသို့ရောဂါလက္ခဏာများ ထပ်ခါတလဲလဲ ဖြစ်နေပါက စိတ်ရောဂါ စွဲကပ်နေခြင်း ဖြစ်နိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာကုသဌာန သို့မဟုတ် စိတ်ရောဂါကုဆရာဝန်တွင် တိုင်ပင်ပြသကြပါစို့ (➡ ၅-၈ ကိုကြည့်ပါ)။

0မှတ်ချက်

အကဲဖြတ်ချက်