5. အရက်ကို ကြိုက်နှစ်သက်ပါတယ်။ ကားမမောင်းမီ၊ အလုပ်မလုပ်မီတွင် အရက်အနည်းငယ်သောက်ရုံမျှဖြင့် မည်သူမှမသိနိုင်လို့ ပြဿနာမရှိဘူးလို့ထင်ပေမယ့် မရဘူးလား?

• အလုပ်မလုပ်ခင်နှင့် အလုပ်ချိန်အတွင်းတွင် အရက်သောက်ခြင်းသည် အလွန်အန္တရာယ်များပါသည်။ စက်ယန္တရားမောင်းနှင်ချိန်တွင် အမှားပြုလုပ်ခြင်း
စသည့် မိမိနှင့် ပတ်ဝန်းကျင်မှ သူများကို အလွယ်တကူ
ဒုက္ခပေးနိုင်ပါသည်။ ထို့အပြင် အရက်သောက်ပြီး​ စိတ်ထဲထင်ရာ အထိမ်းအသိမ်းမရှိ ပြောဆိုခြင်းဖြင့်၊
ပတ်ဝန်းကျင်မှ လူများအား စိတ်အနှောင့်အယှက် ဖြစ်စေခြင်းနှင့် မိမိအတွက်လည်း ဒုက္ခ ရောက်သွားစေနိုင်ပါသည်။

• ဂျပန်နိုင်ငံတွင် အသက် ၂၀မပြည့်သေးပါက မည်သည့်အရက်မျိုးကိုမဆို မသောက်သုံးရန် ဥပဒေအရ တားမြစ်ထားသည်။ ထို့အပြင် အရက်နည်းနည်းပင်ဖြစ်စေ သောက်ထားလျှင်၊ မည်သည့်ယာဥ်ကိုမျှ မောင်းနှင်ခြင်းပြု၍မရပါ။ စက်ဘီးစီးခြင်းပင်လျှင် ဥပဒေကို ချိုးဖောက်ရာ ရောက်ပါသည်။

• Iအရက်သောက်ထားသူအား ကားငှားခြင်း၊ ကားမောင်းမည်ကိုသိလျှက်နှင့် အရက်တိုက်ခြင်း၊ အရက်သောက်သုံးထားသူ မောင်းနှင်သည့်ကားကို စီးနင်းလိုက်ပါခြင်းများကိုလည်း ဥပဒေအရလည်း တားမြစ်ထားပါသည်။ အရက်သောက်ပြီး ကားမောင်းပါက ယာဉ်မောင်းလိုင်စင်ကို ဖျက်သိမ်းခံရခြင်း၊ အလုပ်ထုတ်ခံရခြင်းများ ရှိနိုင်ပါသည်။

• အရက်အလွန်အကျွံသောက်သုံးခြင်းသည် ကိုယ်စိတ်နှစ်ခုစလုံးအတွက် ဆိုးကျိုးများ သက်ရောက်မှု ရှိပါသည်။

0မှတ်ချက်

အကဲဖြတ်ချက်