4. အကယ်၍ ဂျပန်နိုင်ငံတွင် သေဆုံးခြင်း၊ သတိမေ့သွားခြင်း၊ တသက်တာ မသန်မစွမ်းဖြစ်ခြင်း အစရှိသည်တို့ဖြစ်ပါက မည်သို့ ဖြစ်နိုင်ပါသနည်း။

• အလုပ်နှင့်ဆက်စပ်သော ရောဂါနှင့် ထိခိုက်ဒဏ်ရာကြောင့် ထိုသို့ဖြစ်ပါက ၄-၄။ ၏ “ လုပ်ငန်းခွင်ထိခိုက်မှု အာမခံ" ဖြင့် ဆေးကုသစရိတ်ကို ပေးဆောင်နိုင်ပါသည်။ ထို့ပြင် တသက်စာ မသန်မစွမ်းဖြစ်ခဲ့ပါက ငွေတလုံးတခဲကို ရယူနိုင်ပြီး၊ ကွယ်လွန်ခဲ့ပါက ကျန်ရစ်သူမိသားစုအား ထိုငွေကိုပေးဆောင်မည်ဖြစ်ပါသည်။
• ကုမ္ပဏီ သို့မဟုတ် စီမံကွပ်ကဲရေးအဖွဲ့မှ သင့်အတွက်ထားရှိသော အာမခံအမျိုးအစားပေါ်မူတည်ပြီး ထိုမှငွေရရှိခြင်း၊ အကယ်၍သေဆုံးချိန်တွင် ကျန်ရစ်သူမိသားစုအား ငွေပေးချေခြင်းများ ပြုလုပ်ပေးပါသည်။ ကုမ္ပဏီ သို့မဟုတ် စီမံကွပ်ကဲရေးအဖွဲ့ဖြင့် အတည်ပြုပါ။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။

0မှတ်ချက်

အကဲဖြတ်ချက်