5. စိတ်ကျန်းမာရေး ကျွမ်းကျင်သူနဲ့ တိုင်ပင်လိုပါသည်။ မည်သည့်နေရာတွင်ရှိပါသနည်း။

• ပထမဦးစွာ အလုပ်ရှိဆွေးနွေးတိုင်ပင်ရန် ကောင်တာတွင် ကုမ္ပဏီအနီးအနားတွင် ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ ကုသမှုဌာနနှင့် စိတ်ရောဂါကုဆေးရုံဆေးခန်းများရှိမရှိ
စုံစမ်း မေးမြန်းသင့်ပါသည်။ ထို့နောက် ကြိုတင်ဘိုကင်တင်ပေးဖို့ အကူအညီတောင်းခံပါ။ မိမိတိုင်းပြည်ရှိ တိုင်ပင်ဆွေးနွေးသောကောင်တာနှင့် ဆက်သွယ် ဆွေးနွေးခြင်းသည်လည်း ကောင်းမွန်ပေသည်။

• အနီးအနားတွင် စိတ်ရောဂါကုဆရာဝန်/ စိတ်ပိုင်းဆိုင်ရာ ရောဂါကုသဌာနများ မရှိခြင်း၊ ရှိပါသော်လည်း ကြိုတင်ဘိုကင်ယူ၍မရခြင်းများ ရှိခဲ့သော် မိမိသွားနေကြ ဆေးခန်းဆေးရုံကို သွား‌ရောက်တိုင်ပင်ပါ။ အထူးကုခံစားမှုဝေဒနာထံသို လွှဲပေးပါလိမ့်မည်။

• ထို့အပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် “ စိတ်ကျန်းမာရေး စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးစင်တာ" ရှိပြီး၊ ကျွမ်းကျင်သော ဝန်ထမ်းများရှိသော စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ရန်ကောင်တာရှိပါသည် ( အခမဲ့ )

အသေးစိတ်သတင်းအချက်အလက်

ညပိုင်းနှင့် ပိတ်ရက် အရေးပေါ် စိတ်ရောဂါ ဆေးရုံဆေးခန်း ညွှန်ကြားရေးကောင်တာ(ဂျပန်ဘာသာ) ညပိုင်းနှင့် ရုံးပိတ်ရက်များတွင် ဖွင့်လှစ်သော စိတ်ရောဂါ အရေးပေါ် ဆေးရုံးဆေးခန်းများကို မိတ်ဆက်ညွှန်ကြားပေးသော ကောင်တာများ၏ စာရင်းဖြစ်ပါသည်။
0မှတ်ချက်

အကဲဖြတ်ချက်