1. မည်သည့်ဆေးဝါးကို ဝယ်ရမည်ကို မသိပါ။

ဆေးဆိုင်များတွင် ဆေးဝါးပညာရှင် ဟုခေါ်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သည့် အတတ်ပညာရှင်များ ရှိပါသည်။ လိုအပ်တဲ့ ဆေးဝါးကို ဝယ်နိုင်လား၊ မည်သည့်ဆေးကိုဝယ်ရမည်၊ မည်ကဲ့သို့ ဆေးသောက်ရမည်၊ မည်ကဲ့သို့ ဆေးရုံတွင် ဆေးကုသမှုခံယူရမည်များကို ဆေးဝါးပညာရှင်အား မေးမြန်းနိုင်ပါသည်။

【 ဂျပန်ဘာသာဖြင့် အသေးစိတ်သတင်းအချက်အလက်】

တစ်လနှင့်အထက် သောက်သုံးရန် ဆေးဝါးများကို ဂျပန်သို့ သယ်ယူလာခြင်း၊ သင့်နိုင်ငံမှ တင်ပို့ခြင်းများ ပြုလုပ်သည့်အခါ လုပ်ထုံးလုပ်နည်း (ကုန်ပစ္စည်းတင်သွင်းခွင့်လက်မှတ်)လိုအပ်ပါသည်။ ထို့အပြင် မိမိကသယ်ယူလာသော ဆေးဝါးများကို အသိမိတ်ဆွေများအား ရောင်းခြင်း၊ ဝေငှခြင်း နှင့် ဝယ်ယူခြင်း၊ ရယူခြင်းများကို ဂျပန်ဥပဒေက ခွင့်မပြုပါ။ လုံးဝ ရှောင်ကြဥ်ရပါမည်။

0မှတ်ချက်

အကဲဖြတ်ချက်