• အခု ကလေးမလိုချင်သေးပါဟု တွေးထားပါက သန္ဓေတားခြင်းအားဖြင့် ကိုယ်ဝန်ရခြင်းကို တားဆီးပါ။
• ဂျပန်နိုင်ငံတွင် အမျိုးသမီးတဖက်ထဲမှ သန္ဓေတားနိုင်သောနည်းမှာ အနည်းငယ်သာရှိပါသည်။ အမျိုးသားများ၏ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါတယ်။ အမျိုးသားများ တာဝန်ယူပြီး အတူတကွ စဥ်းစားကြပါစို့။
• လူတွေပြောတတ်တဲ့ “ စိတ်ချရတဲ့ရက်" (သန္ဓေတားနည်းကို မသုံးသော်လည်း ကိုယ်ဝန်မရနိုင်သောရက်) ဆိုတာ မရှိပါ။ သွေးမဆုံးသေးသော အမျိုးသမီးဖြစ်လျှင် မည်သည့်အချိန်တွင်မဆို ကိုယ်ဝန်ရနိုင်ပါသည်။
မှတ်ချက်
ဤအချက်အလက်က အကူအညီဖြစ်ပါသလား။
ဂျပန်နိုင်ငံတွင် မည်သည့် သန္ဓေတားနည်းများကို အသုံးပြုနိုင်သနည်း? | မည်သည့်နေရာတွင် ရရှိနိုင်သနည်း? | မည်မျှကုန်ကျမည်နည်း? |
|---|---|---|
အမျိုးသားသုံး ကွန်ဒုံးများ![]() | ယန်း၁၀၀ဆိုင်၊ ကွန်ဘီနီ၊ ဆေးဆိုင် ဇိုင်းလျူးကတ်ပြားကဲ့သို့ ID ကတ်များ ပြရန်မလိုပါ။ | တစ်ခုလျှင်ယန်း ၅၀မှ ၁၀၀ အွန်လိုင်းစျေးဆိုင်များတွင် အခု ၁၀၀ပါ ယန်း ၁,၅၀၀ (တစ်ခု ၁၀ - ၁၉ ယန်းခန့်) လည်းရှိပါသည်။ |
သောက်သုံးရသော သန္ဓေတားဆေးများ (OC)![]() | သားဖွားမီးယပ်ဌာန ဆရာဝန်နှင့် ပြသစစ်ဆေးပြီးနောက် ဆေးညွှန်းစာကို ရယူပါ။ | ပထမအကြိမ်တွင် ဆရာဝန်ပြခ၊ သွေးဖောက်စစ်ဆေးခ၊ ဆေးညွှန်းစာစသည်အတွက် ယန်း ၁သောင်းခန့် ကုန်ကျပါမည်။ ဒုတိယအကြိမ်မှစပြီး တစ်လစာ ဆေးဝါးခ ယန်း ၂,၀၀၀ မှ ၃,၀၀၀ ခန့်ကုန်ကျပါမည်။ ကျန်းမာရေးအာမခံကို သုံး၍မရပါ။ |
သားအိမ်တွင်း ထည့်သွင်းရသော ကိုယ်ဝန်တားပစ္စည်း (IUS/IUD) ![]() | သားဖွားမီးယပ်ဌာန ဆရာဝန်က စစ်ဆေးပြီး တခါတည်း ထည့်သွင်းပေးပါလိမ့်မယ်။ မထည့်သွင်းမီ စမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။ ထည့်သွင်းပြီးသည့်နောက်တွင်လည်း ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမည်။ | ယန်း ၄ဝ,၀၀၀ ခန့်။ ၁ကြိမ်ထည့်ပြီးလျှင် ၃ နှစ်မှ ၅ နှစ်အထိ အာနိသင်ရှိမည်ဖြစ်သည်။ ကျန်းမာရေးအာမခံကို သုံး၍မရပါ။
သို့သော် ရာသီလာစဥ် နာကျင်မှုပြင်းထန်သူများအား နာကျင်မှုသက်သာစေရန် ဆေးကုသသည့်အနေဖြင့် IUS/IUD ထည့်သွင်းခြင်းလည်းရှိပါသည်။
ဤအခြေအနေမျိုးတွင် ကျန်းမာရေးအာမခံကို အသုံးပြု၍ရသဖြင့် ယန်း ၁၂,၀၀၀ လောက်သာကျပြီး စျေးသက်သာသွားပါလိမ့်မည်။ |
အရေးပေါ် သန္ဓေတားဆေး (နောက်နေ့မနက်တွင် သောက်သော ဆေး)![]() | OB-GYN ဌာနတွင် စမ်းသပ်စစ်ဆေးမှုနှင့် ဆေးချက်တစ်စောင် လိုအပ်ပါသည်။
| ယန်း 10,000 နှင့်အထက် ကျန်းမာရေးအာမခံကို သုံး၍မရပါ။ |
ကိုးကား- သားဖွားမီးယပ် လေ့ကျင့်ရေး လမ်းညွှန်ချက်များ - သားဖွားမီးယပ် ပြင်ပလူနာ ထုတ်ဝေမှု 2020၊ Japan သားဖွားမီးယပ်ပညာအသင်း
ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်ခြင်း ဝက်ဘ်ဆိုက် ကူမူစတာကာ - နိုင်ငံခြားသားများနှင့် လက်တွဲနေထိုင်ရေးအသင်း
အသေးစိတ်ထပ်မံရှာဖွေမည်! ဂျပန်နိုင်ငံသို့ ဆေးဝါးများ ယူဆောင်လာခြင်းနှင့် ပတ်သက်၍
• မိမိအသုံးပြုသော ဆေးဝါးအတွက် ၁လစာ ခွင့်ပြုပါသည်။
• ၁လစာအထက် ဆေးဝါးသယ်ယူလာပါက လုပ်ငန်းအဆင့်ဆင့် လိုအပ်လာပါမည်။ သွင်းကုန် အတည်ပြုလျှောက်လွှာကို ဆရာဝန်ဆေးစစ်ချက်၊ ဆေးလက်မှတ်၊ ဆေးပစ္စည်းရှင်းလင်းချက်များနှင့် အကောက်ခွန်ဌာမကို တင်ပြရပါမည် ယူဆောင်လာသော ဆေးဝါးကို အခြားသူတစ်ဦးတစ်ယောက်အား ဝယ်ယူရောင်းချခြင်း ပြုလုပ်ပါက ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာဥပဒေ ချိုးဖေါက်သူ ဖြစ်ပြီး၊ ၁နှစ်မှ ၂ နှစ် ထောင်ဒဏ် သို့မဟုတ် ယန်းသောင်း ၁၀၀မှ သောင်း၂၀၀ ဒဏ်ငွေ ဆောင်ရပါမည်။ လုံးဝမပြုလုပ်ပါနှင့်။
• ဆေးဝါးများကို ကိုယ်ပိုင်အသုံးအတွက် တင်သွင်းမှုနှင့် ပါတ်သက်၍ (ဂျပန်ဘာသာ)
ကျွန်ုပ်တို့၏ အကြံပြုချက်/ဝန်ဆောင်မှုကို သင်ကျေနပ်ပါသလား?
စိတ်ကျေနပ်ပါသည်
စိတ်မကျေနပ်ပါ
45 အကဲဖြတ်ချက်
23 အကဲဖြတ်ချက်
22 အကဲဖြတ်ချက်
