• ကုမ္ပဏီ၏ အထက်အရာရှိ၊ “ ကျန်းမာရေးတာဝန်ခံ" ၊ “ လုပ်ငန်းခွင် ကျန်းမာဘေးကင်းမှု မြှင့်တင်ရေးတာဝန်ခံ" စသူတို့နှင့် တိုင်ပင်ကြပါစို့။ “ ကျန်းမာရေးတာဝန်ခံ" နှင့် “ လုပ်ငန်းခွင် ကျန်းမာဘေးကင်းမှု မြှင့်တင်ရေးတာဝန်ခံ" မှာ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ကောင်းမွန်အောင်ပြုလုပ်ဖို့ ကုမ္ပဏီတွင်ရှိနေသူများ ဖြစ်ပါသည်။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။
• ထို့အပြင် ဂျပန်စကားပြောတတ်ပြီး ယုံကြည်စိတ်ချရသူကို အကူအညီတောင်းပြီး “ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာန" *၁ တွင် တိုင်ပင်ဆွေးနွေးကြပါစို့။
*၁ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာန – အလုပ်သမားများ ကျန်းမာ၍ စိတ်နှလုံးအေးချမ်းစွာ အလုပ်လုပ်နိုင်ရန် လုပ်ငန်းကုမ္ပဏီများက ဥပဒေအား လိုက်နာနေခြင်းရှိမရှိကို စောင့်ကြည့်ကြီးကြပ်သော အစိုးရရုံးတစ်ခုဖြစ်ပါသည်။
အောက်ပါ QR ကုဒ်မှ သင်နေထိုင်ရာဒေသရှိ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာနကို ရှာဖွေနိုင်ပါသည်။
မှတ်ချက်
ဤအချက်အလက်က အကူအညီဖြစ်ပါသလား။
ကျွန်ုပ်တို့၏ အကြံပြုချက်/ဝန်ဆောင်မှုကို သင်ကျေနပ်ပါသလား?
စိတ်ကျေနပ်ပါသည်
စိတ်မကျေနပ်ပါ
23 အကဲဖြတ်ချက်
12 အကဲဖြတ်ချက်
11 အကဲဖြတ်ချက်
