• အရင်ဆုံး ကုမ္ပဏီကိုနှင့် တိုင်ပင်ပါ။ အလုပ်နဲ့ဆက်စပ်၍ ဖျားနာထိခိုက်ဒဏ်ရာ ဖြစ်ပွားချိန်များတွင် အသုံးပြုနိုင်ရန်၊ ကုမ္ပဏီမှ သင့်အတွက် “ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ" ဝင်ထားမည် ဖြစ်ပါသည်။ ကုမ္ပဏီက ဤစနစ်ကိုလျှောက်ထားအသုံးပြုနေပါကသင်က ဆေးရုံတက်ရသည့်အခါ၊ဆေးရုံစရိတ်အစရှိသည်ကို ပေးချေမည်ဖြစ်၍ ငွေရေးကြေးရေးအတွက် စိုးရိမ်စရာမလိုပါ။ ကုမ္ပဏီမှလည်း အနားယူနိုင်ပါသည်။
• ပြင်းထန်တဲ့ရောဂါ၊ ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်သည့်တိုင်အောင် အလုပ်မှ ချက်ခြင်းထုတ်၍ မရပါ။ အလုပ်နှင့် မသက်ဆိုင်ဘဲ ဖျားနာဒဏ်ရာရလျှင်လည်း အလုပ်ကိုအနားယူနိုင်ပါသည်။ ကုမ္ပဏီပေါ်မူတည်ပြီး ခွင့်ရက်အရေအတွက်များ ကွာခြားသောကြောင့် ကုမ္ပဏီကို မေးမြန်းကြည့်ကြပါစို့။ ထိုရက်ပိုင်းအတွင်းတွင် ကုမ္ပဏီမှ အလုပ်ထုတ်ခြင်း မရှိပါ။
• ကုမ္ပဏီမှ သင့်အတွက် “ ကျန်းမာရေးအာမခံ" ဝင်ထားပါက၊ သင်သည် ဆေးကုသစရိတ်နှင့် အလုပ်မလုပ်နိုင်သောကာလအတွက် လစာငွေ၏ တစိတ်တပိုင်းကို တစ်နှစ်ခွဲအထိ ရရှိနိုင်ပါသည် ။ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ၊ ကျန်းမာရေးအာမခံကို ဝင်ထားခြင်းရှိမရှိကို အလုပ်ရှင်နှင့် စစ်ဆေးအတည်ပြုပါ။ သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။
မှတ်ချက်
ဤအချက်အလက်က အကူအညီဖြစ်ပါသလား။
ကျွန်ုပ်တို့၏ အကြံပြုချက်/ဝန်ဆောင်မှုကို သင်ကျေနပ်ပါသလား?
စိတ်ကျေနပ်ပါသည်
စိတ်မကျေနပ်ပါ
32 အကဲဖြတ်ချက်
17 အကဲဖြတ်ချက်
15 အကဲဖြတ်ချက်
