2. ဂျပန်နိုင်ငံမှာ ကူးစက်ရောဂါတစ်ခု ပျံ့နှံ့နေတယ်လို့ကြားရလို့ သွားရမှာကို စိုးရိမ်မိတယ်။ ဘယ်ကနေ သတင်းအချက်အလက်တွေကို ရယူပြီး ဘယ်လိုပြင်ဆင်ထားသင့်သလဲ။

သက်ဆိုင်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံရုံး စသည့် အစိုးရဌာနများ၏ သတင်းအချက်အလက်ကို စီစစ်အတည်ပြုပါ။
ဂျပန်နိုင်ငံနှင့်ပတ်သက်သော သတင်းများကို ပုံမှန်လည်း စိတ်ဝင်စားပြီး၊ နောက်ဆုံးရ သတင်းများကို စုဆောင်းရန် အရေးကြီးပါသည်။ သို့သော် တခါတရံ သတင်းမှားများလည်း ရှိနေနိုင်၍
ရှေးဦးစွာ အစိုးရအဖွဲ့အစည်းများမှ ထုတ်ပြန်သော သတင်းအချက်အလက်များကို ကိုးကားပါ။
ဂျပန်နိုင်ငံတွင် မကြာခဏ ဖြစ်ပွားတတ်သော ကူးစက်ရောဂါများတွင် ဝက်သက်၊ ဂျိုက်သိုးနှင့် တုပ်ကွေးရောဂါတို့ပါဝင်ပြီး ကာကွယ်ဆေးများဖြင့် ကာကွယ်နိုင်ပါသည်။
စိုးရိမ်စရာရောဂါလက္ခဏာများရှိပါက အနီးအနားတွင်
ရှိသော ဆေးရုံဆေးခန်းကို သွားရောက်ကြပါစို့
➡ ဆေးစစ်ခံယူရန် နည်းလမ်းများ (Link)

အသေးစိတ် ထပ်မံရှာဖွေမည်!

“ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" ဆိုသည်မှာ ဘာလဲ?
ကျွန်ုပ်တို့သည်COVID-19ကပ်ရောဂါဖြင့်ကြုံခဲ့ရသကဲ့သို့၊
ကမ္ဘာတလွှား တိုးတက်ပြေးပြောင်းလဲမှုများအကြား
ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများက
တိုင်းပြည်နှင့် ကမ္ဘာလုံးဆိုင်ရာ အလွန်အရေးကြီးသော
ပြဿနာတစ်ခု ဖြစ်လာ‌ပါသည်။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် ရောဂါဖြစ်ပွားခြင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် လူသားများအား ထိခိုက်ဒဏ်ယာများ ဖြစ်ပွားစေခြင်း၊ အသက်ဘေးအန္တရာယ် ဆုံးရှံးမှုများကို ဖြစ်ပွားစေပါသည်။ တစ်စုံတစ်ခုသော အခြေအနေတွင် ကျန်းမာရေးအကျိုးဆက်များကို ဖြေရှင်းရန်အတွက် လူ့အဖွဲ့အစည်းများ ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိတော့ပါက အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာနိုင်ပေသည်။

ဥပမာအဖြစ် –
• ကူးစက်ရောဂါများ ဖြစ်ပွားခြင်း – တုပ်ကွေးရောဂါ ကပ်ဘေး၊ ဝက်သက်ရောဂါ၊ ငှက်တုပ်ကွေး၊ COVID-19 စသည်
• သဘာဝဘေးအန္တရာယ်များ၏ ကျန်းမာရေးအကျိုးဆက်များ– မြေငလျင်၊ ဆူနာမီ၊ ရေကြီးခြင်း၊ တိုင်ဖွန်းမုန်တိုင်း စသည်
• အကြမ်းဖက်မှုလုပ်ရပ်များ – ဗုံးဖေါက်ကွဲခြင်း၊ အကြမ်းဖက်ပစ်ခတ်မှု၊ ဇီဝလက်နက်ဖြင့် အကြမ်းဖက်မှု စသည်
• လူအမြောက်အများ သေစေသော မတော်တဆမှုများ– လေယာဉ်ပျက်ကျခြင်း၊ ရထားလမ်းချော်ခြင်း စသည်
• ဂျပန်နိုင်ငံတွင် ဝက်သက် ဂျိုက်သိုးနှင့် တုပ်ကွေးရောဂါ (ရောဂါကူးစက်သူများ တိုးပွားလာကြောင်း) သတင်းများရရှိထားပြီး၊ ကူးစက်ရောဂါပျံ့ပွားချိန်တွင် ကာကွယ်ရန်လုပ်ဆောင်မှုများ (လက်ဆေးခြင်း၊ မက်စ်တပ်ဆင်ခြင်း စသည်) နှင့် ကာကွယ်ဆေးထိုးခြင်းများသည် အကျိုးရှိပါသည်။
ဂျပန်နိုင်ငံတွင် ဆောင်းရာသီရောက်တိုင်း တုပ်ကွေးရောဂါပျံ့နှံ့သဖြင့် ကုမ္ပဏီလုပ်ငန်းများသည် တုပ်ကွေးကာကွယ်ဆေးထိုးရန်ကုန်ကျစရိတ်ကို ထောက်ပံ့ပေးတတ်ကြပါသည်။
ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စဖြစ်ပါက ဂျပန်အစိုးရ၊ ဒေသန္တရအစိုးရများနှင့် သတင်းဌာနများမှ သတင်းအချက်အလက်များကို စုဆောင်းရှာဖွေရန် လွန်စွာအရေးကြီးပါသည်။

0မှတ်ချက်

အကဲဖြတ်ချက်