4. ကုမ္ပဏီမှ အထက်လူကြီးထံမှ မကြာခဏ ကြမ်းတမ်းသော စကားများပြောခြင်း၊ အကြမ်းဖက်ခြင်းများ ရှိသည့်အတွက် အရမ်းကြောက်နေရပါသည်။ မည်ကဲ့သို့လုပ်လျှင် ကောင်းမည်နည်း။

• ကုမ္ပဏီ၏ ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ပါ။ “ အာဏာသုံးနှောင့်ယှက်မှု (ပါဝါဟာရာ)" ဖြစ်နိုင်ပါသည်။ “ ပါဝါဟာရာ" ဆိုသည်မှာ သင့်ထက်ရာထူးကြီးသူက အလုပ်လုပ်စဥ် လိုအပ်သည်ထက်ပိုသော ကြမ်းတမ်းသည့်စကားလုံးများနှင့် အပြစ်တင်ခြင်း၊ အကြမ်းဖက်ခြင်းကြောင့် သင်မှအလုပ်သို့မသွားချင်လောက်အောင် ကြောက်လန့်စေသော လုပ်ရပ်ဖြစ်သည်။
• အလုပ်တွင် ပါဝါဟာရာကို ခံရပါက မည်သည့်အချိန်၊ မည်သည့်နေရာတွင်၊ မည်သူ့ထံမှ၊ မည်သို့သော နှောင့်ယှက်မှုကိုခံခဲ့ရကြောင်း၊ သင်ဘယ်လိုခံစားခဲ့ရကြောင်းကို သေချာစွာ စာဖြင့်ချရေးထားပါ။ နှုတ်ဖြင့်အကြမ်းဖက်မှုသည် “ ပြောတယ်၊ မပြောဘူး" ဆို၍ အငြင်းအခုံအဖြစ်များသဖြင့် အသံသွင်းထားခြင်း၊ ဗီဒီယိုရိုက်ထားခြင်းများ ပြုလုပ်ထားပါ။ ကြမ်းတမ်းသောစာလုံးများပါသော အီးမေးလ်နှင့် စာများကို သေချာစွာ သိမ်းထားကြပါစို့။ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုအတွက် ဓာတ်ပုံရိုက်ထားခြင်း၊ ဆရာဝန်ပြ၍ ဆေးမှတ်တန်းကို သေချာစွာသိမ်းထားခြင်း ပြုလုပ်ပါ။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။
• ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရလျှင် ရဲစခန်းတွင် တိုင်ပင်နိုင်ပါသည်။
• တိုင်းနှင့်ပြည်နယ် နိုင်ငံခြားသားအလုပ်သမား ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်နိုင်ပါသည်။

0မှတ်ချက်

အကဲဖြတ်ချက်