4. အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်သည် ခက်ခဲကြမ်းတမ်းပါသည် (နံစော်ခြင်း၊ မှောင်ခြင်း၊ ကျဥ်းခြင်း၊ ဆူညံခြင်း၊ ပူအေးခြင်း၊ ခန္ဓာကိုယ်အနေအထားမှာ မသက်သာခြင်း၊ ဘေးမကင်းခြင်း)။ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း?

• ကုမ္ပဏီ၏ အထက်အရာရှိ၊ “ ကျန်းမာရေးတာဝန်ခံ" ၊ “ လုပ်ငန်းခွင် ကျန်းမာဘေးကင်းမှု မြှင့်တင်ရေးတာဝန်ခံ" စသူတို့နှင့် တိုင်ပင်ကြပါစို့။ “ ကျန်းမာရေးတာဝန်ခံ" နှင့် “ လုပ်ငန်းခွင် ကျန်းမာဘေးကင်းမှု မြှင့်တင်ရေးတာဝန်ခံ" မှာ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ကောင်းမွန်အောင်ပြုလုပ်ဖို့ ကုမ္ပဏီတွင်ရှိနေသူများ ဖြစ်ပါသည်။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။
• ထို့အပြင် ဂျပန်စကားပြောတတ်ပြီး ယုံကြည်စိတ်ချရသူကို အကူအညီတောင်းပြီး “ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာန" *၁ တွင် တိုင်ပင်ဆွေးနွေးကြပါစို့။
*၁ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာန – အလုပ်သမားများ ကျန်းမာ၍ စိတ်နှလုံးအေးချမ်းစွာ အလုပ်လုပ်နိုင်ရန် လုပ်ငန်းကုမ္ပဏီများက ဥပဒေအား လိုက်နာနေခြင်းရှိမရှိကို စောင့်ကြည့်ကြီးကြပ်သော အစိုးရရုံးတစ်ခုဖြစ်ပါသည်။

အောက်ပါ QR ကုဒ်မှ သင်နေထိုင်ရာဒေသရှိ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာနကို ရှာဖွေနိုင်ပါသည်။

0မှတ်ချက်

အကဲဖြတ်ချက်