2. တီဘီရောဂါဟု စစ်ဆေးမှုအဖြေ ရရှိပါက မည်သို့ ဖြစ်မည်နည်း။

• တီဘီရောဂါသည် ဆေးဖြင့် ပျောက်ကင်းအောင် ကုသနိုင်သည့် ရောဂါဖြစ်သည်။ ကုသမှုကာလသည် များသောအားဖြင့် ၆လခန့်ဖြစ်သော်လည်း၊ ထို့ထက်ပိုကြာနိုင်ပါသည်။ အဆုတ်ရောင်တီဘီရောဂါက တစ်ခြားသူများအား ကူးစက်နိုင်ပါက ခဏတာဆေးရုံတက်ရသည့် အခါများလည်း ရှိပါသည်။ ဆေးကုသစရိတ်သည် ပြည်သူ့ဘဏ္ဏာငွေမှ ထောက်ပန့်ပါသည်။
• ဆေးရုံမှဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာကြပါစို့။
ရောဂါလက္ခဏာ မပြင်းထန်ပါက ဆေးရုံတက်ရောက်ရန်မလိုပဲ ပုံမှန်အတိုင်း အလုပ်ပုံမှန် လုပ်ကိုင်နိုင်သည်။
မိမိနိုင်ငံသို့ ပြန်သွားရန် မလိုပါ။

အဆုတ်တီဘီပြင်းထန်းနေချိန် အခြားသူများကို ကူးစက်နိုင်သော်လည်း၊ သာမန်အားဖြင့် ဆေးဝါးစတင်ကုသပြီးနောက် နှစ်ပတ်ခန့်ကြာပါက မကူးစက်တော့ပါ။
ရောဂါလက္ခဏာမပြသော၊ အခြားသူများကို မကူးစက်နိုင်သော တီဘီအမျိုးအစား (ငုတ်နေသော တီဘီရောဂါ) လည်းရှိပါသည်။

တီဘီရောဂါသည် မှန်ကန်သောကုသမှုဖြင့် ပျောက်ကင်းအောင် ကုသနိုင်သည့် ရောဂါဖြစ်ပါသည်။ သင့်ကိုယ်ခန္ဓာမှ ဘက်တီးရီးယားများကို ပြင်ပသို့မထွက်အောင်၊ သင့်လျော်သောကုသမှုကို ခံယူနေပါက အခြားသူများကို ကူးစက်နိုင်ခြင်းမရှိဘဲ၊ အများအားဖြင့် အလုပ်ဆက်လက်လုပ်ကိုင်နိုင်ပါသည်။

[ဆွေးနွေးနိုင်သော ဌာနများစာရင်း]

[တီဘီရောဂါ]

တီဘီရောဂါဆိုင်ရာ တယ်လီဖုန်း ဆွေးနွေးတိုင်ပင်ခြင်း ဝန်ဆောင်မှုကို သုတေသနဌာန တီဘီရောဂါ အစီအစဉ်ဌာန၏ အစီအစဉ် ပံ့ပိုးမှု ဗီယက်နမ်တီဘီရောဂါ တယ်လီဖုန်း အတိုင်ပင်ခံ ဝန်ဆောင်မှု Tel: 03-3292-1219 (အင်္ဂါနေ့တိုင်း၊ 10:00 – 15:00)၊

* ပရိုဂရမ်အထောက်အကူပြုဌာန၊ တီဘီရောဂါသုတေသနဌာန၊

03-3292-1219 (ဗီယက်နမ်ဘာသာစကားဖြင့် တိုင်ပင်နိုင်သည်)
03-3292-1219 (ဗီယက်နမ်ဘာသာစကားဖြင့် တိုင်ပင်နိုင်သည်)
ဝန်ဆောင်မှု အားလုံးသည် အခမဲ့ ဖြစ်ပြီး၊ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းပါမည်။

0မှတ်ချက်

အကဲဖြတ်ချက်