1. ပေးဆောင်ရမည့်ငွေက အလွန်များပြားပါက သက်သာနိုင်သော နည်းလမ်းများ ရှိပါသလား။

ရှိပါသည်။

  1. ဆေးရုံဆေးခန်းတွင်ပေးဆောင်ရမည့် ငွေပမာဏ (၃၀%) သည် သတ်မှတ်ထားသော ပမာဏ (ကာယကံရှင်မှ ကျခံရမည့် အများဆုံးပမာဏ) ကိုကျော်လွန်ပါက အရင်ပေးဆောင်ထားပြီးနောက် ၃ လအတွင်းလောက်တွင် 「မြင့်မားသော ဆေးကုသစားရိတ်」(ပုံရှိ အစိမ်းရောင်နေရာ) ကို ပြန်အမ်းပေးပါသည်။ ပြန်အမ်းငွေပမာဏသည် ထိုသူ၏ ဝင်ငွေနဲ့ အသက်အရွယ်အပေါ် မူတည်ပြီး ကွဲပြားပါသည်။
  2. ဆေးရုံဆေးခန်းတွင် သင်ပေးဆောင်ရမည့်ငွေ (၃၀%)သည် အလွန်မြင့်မားသည်ကို ကြိုတင်သိရှိပါက အစကတည်းမှ ကာယကံရှင်မှ ကျခံရမည့် အများဆုံးပမာဏ (ပုံတွင် လိမ္မော်ရောင်နေရာ) ကိုသာ ပေးဆောင်ရမည့် နည်းလမ်းလည်း ရှိပါသည်။ ဆေးရုံဆေးခန်း၏ ငွေရှင်းကောင်တာတွင် “ အများဆုံးပမာဏကိုသာ ပေးဆောင်ခွင့်လက်မှတ်" ကို တင်ပြပါက (ပုံရှိ အစိမ်းရောင်နေရာ)ကို လျှော့ချနိုင်ပါသည်။ အများဆုံးပမာဏကိုသာ ပေးဆောင်ခွင့်လက်မှတ်ကို ထုတ်ယူရန် ဝန်ထမ်းကျန်းမာရေးအာမခံရှိသူက အလုပ်ကုမ္ပဏီသို့၊ အမျိုးသားကျန်းမာရေး အာမခံထားရှိသူက ဒေသအုပ်ချုပ်ရေးမှူးရုံးသို့ ပြောဆို တောင်းယူနိုင်ပါသည်။

※လုပ်ထုံးလုပ်နည်းများသည် ကိုယ်တစ်ဦးတည်းပြုလုပ်ရန် ခက်ခဲပါသဖြင့် ဆေးရုံ၏ လူမှုရေးလုပ်သား အစရှိသည်ကို တိုင်ပင်ကြပါစို့။ ထို့အပြင် အနီးအနားရှိ ဂျပန်လူမျိုးနှင့် နိုင်ငံခြားသားများကို တိုင်ပင်ကြပါစို့။
[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]တွင်ရှိသော ကောင်တာများတွင် တိုင်ပင်နိုင်ပါသည် ။

0မှတ်ချက်

အကဲဖြတ်ချက်