1. နည်းပညာအလုပ်သင်များ အသိပေးခြင်းမရှိဘဲ အလုပ်မှထွက်ပြီး(ထွက်ပြေးပြီး) နောက် ရောဂါဖြစ်ပါက မည်ကဲ့သို့ ဖြစ်နိုင်ပါသနည်း။

ကျန်းမာရေးအာမခံဝင်၍ မရတော့သောကြောင့် ဂျပန်နိုင်ငံတွင်း ဆေးရုံဆေးခန်းသို့သွားမည်ဆိုလျှင် ကုန်ကျစရိတ်အားလုံးကို အပြည့်အဝ ပေးဆောင်ရမည် ဖြစ်ပြီး ဆေးကုသစရိတ် များစွာကုန်ကျပါမည်။
• သို့ရာတွင် အလုပ်မှထွက်ပြေးနေစဥ်ကာလတွင်လည်း နေမကောင်းဖြစ်ပါက ဆရာဝန်ပြသခြင်း၊ ဆေးဝါးကုသခြင်းများသည် သင့်အသက်ကို စောင့်ရှောက်ရန်အတွက် အရေးကြီးပါသည်။
• ထွက်မပြေး၍ မဖြစ်သော အခြေအနေရှိသည့်အခါနှင့် အလုပ်မှထွက်ပြီးနောက် နေမကောင်းဖြစ်သည့်အခါ အကူအညီပေးသော အဖွဲ့အစည်းများနှင့် တိုင်ပင်ကြပါစို့။
• ကျန်းမာရေးအာမခံမရှိသော်လည်း၊ ဖျားနာနေသည့်အခါ ကာယကံရှင်က ပေးဆောင်ရသော ဆေးကုသငွေကို လျှော့ချပေးသော ဆေးရုံများလည်း ရှိပါသည်။ သို့သော် ထိုသို့သော ဆေးရုံက နည်းပါးပြီး၊
လုပ်ထုံးလုပ်နည်းများလည်း ရှုပ်ထွေးပါသဖြင့်
အကူအညီပေးသော အဖွဲ့အစည်းများဖြင့်
တိုင်ပင်ဆွေးနွေးပါ။

[တိုင်ပင်ရေးဝန်ဆောင်မှုများစာရင်း]

ဂျပန်-ဗီယက်နမ် ကူညီပံ့ပိုးရေးအသင်း Tomoiki

အောက်ပါ QR ကုဒ်ကို အသုံးပြုပြီး Facebook Messenger မှတစ်ဆင့် အကြံပေးမှုကို တောင်းခံနိုင်ပါသည် (စကားစဉ်ကို ဂျပန်ဘာသာဖြင့် စတင်ပေမယ့် ဗီယက်နမ်ဘာသာဖြင့် အသုံးပြုနိုင်သည်)

0မှတ်ချက်

အကဲဖြတ်ချက်