3. အခု ကလေးမလိုချင်သေးပါဘူး။ မည်သို့ ပြုလုပ်သင့်ပါသနည်း?

• အခု ကလေးမလိုချင်သေးပါဟု တွေးထားပါက သန္ဓေတားခြင်းအားဖြင့် ကိုယ်ဝန်ရခြင်းကို တားဆီးပါ။
• ဂျပန်နိုင်ငံတွင် အမျိုးသမီးတဖက်ထဲမှ သန္ဓေတားနိုင်သောနည်းမှာ အနည်းငယ်သာရှိပါသည်။ အမျိုးသားများ၏ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါတယ်။ အမျိုးသားများ တာဝန်ယူပြီး အတူတကွ စဥ်းစားကြပါစို့။
• လူတွေပြောတတ်တဲ့ “ စိတ်ချရတဲ့ရက်" (သန္ဓေတားနည်းကို မသုံးသော်လည်း ကိုယ်ဝန်မရနိုင်သောရက်) ဆိုတာ မရှိပါ။ သွေးမဆုံးသေးသော အမျိုးသမီးဖြစ်လျှင် မည်သည့်အချိန်တွင်မဆို ကိုယ်ဝန်ရနိုင်ပါသည်။

ဂျပန်နိုင်ငံတွင် မည်သည့် သန္ဓေတားနည်းများကို အသုံးပြုနိုင်သနည်း?
မည်သည့်နေရာတွင် ရရှိနိုင်သနည်း?မည်မျှကုန်ကျမည်နည်း?
အမျိုးသားသုံး ကွန်ဒုံးများ
ယန်း၁၀၀ဆိုင်၊ ကွန်ဘီနီ၊ ဆေးဆိုင် ဇိုင်းလျူးကတ်ပြားကဲ့သို့ ID ကတ်များ ပြရန်မလိုပါ။
တစ်ခုလျှင်ယန်း ၅၀မှ ၁၀၀ အွန်လိုင်းစျေးဆိုင်များတွင် အခု ၁၀၀ပါ ယန်း ၁,၅၀၀ (တစ်ခု ၁၀ - ၁၉ ယန်းခန့်) လည်းရှိပါသည်။
သောက်သုံးရသော သန္ဓေတားဆေးများ (OC)
သားဖွားမီးယပ်ဌာန ဆရာဝန်နှင့် ပြသစစ်ဆေးပြီးနောက် ဆေးညွှန်းစာကို ရယူပါ။
ပထမအကြိမ်တွင် ဆရာဝန်ပြခ၊ သွေးဖောက်စစ်ဆေးခ၊ ဆေးညွှန်းစာစသည်အတွက် ယန်း ၁သောင်းခန့် ကုန်ကျပါမည်။ ဒုတိယအကြိမ်မှစပြီး တစ်လစာ ဆေးဝါးခ ယန်း ၂,၀၀၀ မှ ၃,၀၀၀ ခန့်ကုန်ကျပါမည်။ ကျန်းမာရေးအာမခံကို သုံး၍မရပါ။
သားအိမ်တွင်း ထည့်သွင်းရသော ကိုယ်ဝန်တားပစ္စည်း (IUS/IUD)
သားဖွားမီးယပ်ဌာန ဆရာဝန်က စစ်ဆေးပြီး တခါတည်း ထည့်သွင်းပေးပါလိမ့်မယ်။ မထည့်သွင်းမီ စမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။ ထည့်သွင်းပြီးသည့်နောက်တွင်လည်း ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမည်။
ယန်း ၄ဝ,၀၀၀ ခန့်။ ၁ကြိမ်ထည့်ပြီးလျှင် ၃ နှစ်မှ ၅ နှစ်အထိ အာနိသင်ရှိမည်ဖြစ်သည်။ ကျန်းမာရေးအာမခံကို သုံး၍မရပါ။
သို့သော် ရာသီလာစဥ် နာကျင်မှုပြင်းထန်သူများအား နာကျင်မှုသက်သာစေရန် ဆေးကုသသည့်အနေဖြင့် IUS/IUD ထည့်သွင်းခြင်းလည်းရှိပါသည်။
ဤအခြေအနေမျိုးတွင် ကျန်းမာရေးအာမခံကို အသုံးပြု၍ရသဖြင့် ယန်း ၁၂,၀၀၀ လောက်သာကျပြီး စျေးသက်သာသွားပါလိမ့်မည်။
အရေးပေါ် သန္ဓေတားဆေး (နောက်နေ့မနက်တွင် သောက်သော ဆေး)
OB-GYN ဌာနတွင် စမ်းသပ်စစ်ဆေးမှုနှင့် ဆေးချက်တစ်စောင် လိုအပ်ပါသည်။
ယန်း 10,000 နှင့်အထက် ကျန်းမာရေးအာမခံကို သုံး၍မရပါ။

ကိုးကား- သားဖွားမီးယပ် လေ့ကျင့်ရေး လမ်းညွှန်ချက်များ - သားဖွားမီးယပ် ပြင်ပလူနာ ထုတ်ဝေမှု 2020၊ Japan သားဖွားမီးယပ်ပညာအသင်း

ဂျပန်နိုင်ငံတွင် အသုံးမပြုနိုင်သော သန္ဓေတားနည်းများ

အသေးစိတ်ထပ်မံရှာဖွေမည်!

ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်ခြင်း ဝက်ဘ်ဆိုက် ကူမူစတာကာ - နိုင်ငံခြားသားများနှင့် လက်တွဲနေထိုင်ရေးအသင်း

အသေးစိတ်ထပ်မံရှာဖွေမည်! ဂျပန်နိုင်ငံသို့ ဆေးဝါးများ ယူဆောင်လာခြင်းနှင့် ပတ်သက်၍

• မိမိအသုံးပြုသော ဆေးဝါးအတွက် ၁လစာ ခွင့်ပြုပါသည်။
• ၁လစာအထက် ဆေးဝါးသယ်ယူလာပါက လုပ်ငန်းအဆင့်ဆင့် လိုအပ်လာပါမည်။ သွင်းကုန် အတည်ပြုလျှောက်လွှာကို ဆရာဝန်ဆေးစစ်ချက်၊ ဆေးလက်မှတ်၊ ဆေးပစ္စည်းရှင်းလင်းချက်များနှင့် အကောက်ခွန်ဌာမကို တင်ပြရပါမည် ယူဆောင်လာသော ဆေးဝါးကို အခြားသူတစ်ဦးတစ်ယောက်အား ဝယ်ယူရောင်းချခြင်း ပြုလုပ်ပါက ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာဥပဒေ ချိုးဖေါက်သူ ဖြစ်ပြီး၊ ၁နှစ်မှ ၂ နှစ် ထောင်ဒဏ် သို့မဟုတ် ယန်းသောင်း ၁၀၀မှ သောင်း၂၀၀ ဒဏ်ငွေ ဆောင်ရပါမည်။ လုံးဝမပြုလုပ်ပါနှင့်။
ဆေးဝါးများကို ကိုယ်ပိုင်အသုံးအတွက် တင်သွင်းမှုနှင့် ပါတ်သက်၍ (ဂျပန်ဘာသာ)

 
0မှတ်ချက်

အကဲဖြတ်ချက်