1. ဂျပန်စကား ကောင်းစွာမပြောနိုင်သဖြင့် ဆေးရုံဆေးခန်းသွားစဥ် ဘာသာစကားအခက်အခဲကို စိုးရိမ်ပါသည်။

  1. ဂျပန်စကား အနည်းငယ်နားလည်ပါက「ပိုပြီးလွယ်ကူရိုးရှင်းတဲ့ ဂျပန်စကားနဲ့ ပြောပေးပါ」လို့ ဝန်ထမ်းများကို ပြောပါ။
  2. ဆေးရုံဆေးခန်းမသွားမီ ကျန်းမာရေးစကားပြန်
    စီစဥ်ပေးမှုရှိမရှိ၊ စီစဥ်ပေးပါက ကုန်ကျစရိတ်အစရှိသည်
    တို့ကို ကြိုတင် မေးမြန်းပါ။
    ※ အချို့ဆေးရုံကြီးများတွင် 「ကျန်းမာရေးစကားပြန်」ရှိပါသည်။ သို့သော် ထိုကဲ့သို့ ဆေးရုံက နည်းပါးပြီး၊ အများအားဖြင့် စကားပြန် တောင်းဆိုပါက ဝန်ဆောင်ခ ပေးဆောင်ရတတ်ပါသည်။
  3. နိုင်ငံတကာဆက်ဆံရေးအဖွဲ့အစည်း၊ နိုင်ငံခြားသား တိုင်ပင်ဆွေးနွေးရန်စင်တာ၊ NPO စသည်တို့က ဖုန်းဖြင့် စကားပြန် ပြုလုပ်ပေးခြင်း၊ ဆေးရုံဆေးခန်းသို့ အတူတကွ လိုက်ပါကူညီခြင်းများ ပြုလုပ်တတ်ပါသည်။

[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]
အခန်းစဥ် ၀ :[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]တွင်ရှိသော ဖုန်းနံပါတ်များကိုဆက်၍ တိုင်ပင်နိုင် ပါသည် ။

0မှတ်ချက်

အကဲဖြတ်ချက်