ဂျပန်ဥပဒေတွင် ကုမ္ပဏီများသည် အလုပ်သမားများအတွက် ကျန်းမာရေး စစ်ဆေးမှုများကို ပုံမှန် ပြုလုပ်ပေးရမည်ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် အလုပ်သမားများအနေဖြင့် သက်သာချောမွေ့စွာ အလုပ်လုပ်နိုင်ပါသည်။ ထို့အပြင် အလုပ်သမားများအတွက် အလုပ်လုပ်ရန် ပတ်ဝန်းကျင်နှင့် အခြေအနေများကို တိုးတက်ကောင်းမွန်စေရန် ကုမ္ပဏီမှ လုပ်ဆောင်သည့် လှုပ်ရှားမှုများစွာလည်း ရှိပါသည်။ ဤအခန်း (၄) တွင် သင့်အနေဖြင့် ကုမ္ပဏီတွင် အလုပ်လုပ်ရာတွင် ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာ မဖြစ်စေရန် ကာကွယ်ရန် လိုအပ်သည့်အချက်များ၊ အလုပ်နှင့်ဆိုင်သည့် ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာ ဖြစ်ပါက လိုက်နာရမည့် အချက်များ၊ အလုပ်သမား ကာကွယ်ရေး အကျိုးခံစားခွင့်မူဝါဒများ စသည့် အချက်များကို ရှင်းလင်းပြသပေးမည်ဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီတွင် တားမြစ်ထားသော အပြုအမူများဖြစ်သော “အာဏာအလွဲသုံးမှု”၊ “လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်” များနှင့် သက်ဆိုင်သည့် ပြဿနာများကြုံတွေ့ပါက ဆက်သွယ်နိုင်သည့် အကြံဉာဏ်ပေး ချန်နယ်များအကြောင်း အချက်အလက်များကိုလည်း ဤအခန်းတွင် ဖော်ပြပေးထားပါသည်။

4. 1. ကျန်းမာရေးစစ်ဆေးမှု ရှိတယ်လို့ ကြားထားပါတယ်။ ဘာအတွက်၊ ဘယ်တွေကို လုပ်တာပါလဲ?

• သင်သည် ကုမ္ပဏီတွင် ကျန်းမာစွာ ဆက်လက်အလုပ်လုပ်နိုင်ရန်အတွက် ဖြစ်သည်။ မိမိကိုယ်တိုင် သတိမထားမိသော ရောဂါများ၏ အစလက္ခဏာများရှိမရှိကို သွေးစစ်ခြင်းနှင့် အခြားစစ်ဆေးမှုများကို ပြုလုပ်၍ စစ်ဆေးပါမည်။ ရောဂါဖြစ်ကာစတွင် ရောဂါကို စောစောတွေ့ရှိပါက၊ စောစောကုသနိုင်သဖြင့် ဂျပန်နိုင်ငံတွင် တာဝန်ပြီးဆုံးသည်အထိ ကျန်းမာစွာဖြင့် တောက်လျောက် အလုပ်လုပ်နိုင်မည်ဖြစ်ပါသည်။ ဥပဒေအရ သတ်မှတ်ထားသောကြောင့် မလွဲမသွေ ဆေးစစ်ခြင်းခံယူပါ။
• ကျန်းမာရေးစစ်ဆေးခြင်း မခံယူနိုင်ပါက အရင်ဆုံး ကုမ္ပဏီကို မေးမြန်းပါ။ သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။

4. 2. ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်ကို ဘယ်နှစ်ကြိမ် ခံယူရပါသနည်း။ မည်မျှကုန်ကျပါသနည်း။

• တစ်နှစ်တစ်ကြိမ် ဖြစ်ပါသည်။ သို့သော် ရောဂါဖြစ်စေနိုင်သော ပစ္စည်းများကို ကိုင်တွယ်၍အလုပ်လုပ်ရသူနှင့် ညဆိုင်း အလုပ်သများ ဖြစ်ပါက ခြောက်လတစ်ကြိမ် ပြုလုပ်ရသည်လည်း ရှိနိုင်သည်။

• ကျန်းမာရေးစစ်ဆေးမှုများကို အခမဲ့ခံယူနိုင်ပါသည်။

4. 3. ဆေးစစ်ချိန်တွင် မိမိပြုလုပ်လိုသော စစ်ဆေးမှုများ ထပ်ဆောင်းပြုလုပ်နိုင်ပါသလား။

• ကျန်းမာရေးစစ်ဆေးရမည့် အမျိုးအစားများကို ဥပဒေအရ သတ်မှတ်ထားပါသည်။ မိမိသဘောဖြင့် လိုချင်သော စစ်ဆေးမှုများကို ထပ်ဆောင်းပြုလုပ်၍ မရပါ။
• အသက်၂၀နှင့်အထက် အမျိုးသမီးဖြစ်ပါက ကုမ္ပဏီတွင်မဟုတ်ဘဲ သင်နေထိုင်ရာမြို့နယ်တွင် နှစ်နှစ်တစ်ကြိမ် သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို ခံယူနိုင်သည်။ အခမဲ့ သို့မဟုတ် ယန်း ၅၀၀ ခန့်သာ ပေးရပါသည်။ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုအကြောင်းကို ပိုမိုသိလိုပါက ကော်လံ ၃။ လိင်ပိုင်းဆိုင်ရာနှင့်၊ မျိုးဆက်ပွားကျန်းမာရေး ကို ဖတ် ပါ ။

4. 4. ကုမ္ပဏီတွင် ကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာရရင် ဘာလုပ်သင့်သနည်း? အလုပ်မှ အနားယူခွင့် ရှိပါသလား?

• အရင်ဆုံး ကုမ္ပဏီကိုနှင့် တိုင်ပင်ပါ။ အလုပ်နဲ့ဆက်စပ်၍ ဖျားနာထိခိုက်ဒဏ်ရာ ဖြစ်ပွားချိန်များတွင် အသုံးပြုနိုင်ရန်၊ ကုမ္ပဏီမှ သင့်အတွက် “ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ" ဝင်ထားမည် ဖြစ်ပါသည်။ ကုမ္ပဏီက ဤစနစ်ကိုလျှောက်ထားအသုံးပြုနေပါကသင်က ဆေးရုံတက်ရသည့်အခါ၊ဆေးရုံစရိတ်အစရှိသည်ကို ပေးချေမည်ဖြစ်၍ ငွေရေးကြေးရေးအတွက် စိုးရိမ်စရာမလိုပါ။ ကုမ္ပဏီမှလည်း အနားယူနိုင်ပါသည်။
• ပြင်းထန်တဲ့ရောဂါ၊ ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်သည့်တိုင်အောင် အလုပ်မှ ချက်ခြင်းထုတ်၍ မရပါ။ အလုပ်နှင့် မသက်ဆိုင်ဘဲ ဖျားနာဒဏ်ရာရလျှင်လည်း အလုပ်ကိုအနားယူနိုင်ပါသည်။ ကုမ္ပဏီပေါ်မူတည်ပြီး ခွင့်ရက်အရေအတွက်များ ကွာခြားသောကြောင့် ကုမ္ပဏီကို မေးမြန်းကြည့်ကြပါစို့။ ထိုရက်ပိုင်းအတွင်းတွင် ကုမ္ပဏီမှ အလုပ်ထုတ်ခြင်း မရှိပါ။
• ကုမ္ပဏီမှ သင့်အတွက် “ ကျန်းမာရေးအာမခံ" ဝင်ထားပါက၊ သင်သည် ဆေးကုသစရိတ်နှင့် အလုပ်မလုပ်နိုင်သောကာလအတွက် လစာငွေ၏ တစိတ်တပိုင်းကို တစ်နှစ်ခွဲအထိ ရရှိနိုင်ပါသည် ။ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ၊ ကျန်းမာရေးအာမခံကို ဝင်ထားခြင်းရှိမရှိကို အလုပ်ရှင်နှင့် စစ်ဆေးအတည်ပြုပါ။ သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။

4. 5. ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်။ မည်ကဲ့သို့ ပြုလုပ်သင့်ပါသနည်း?

• အလုပ်လုပ်နေစဥ် သို့မဟုတ် အလုပ်အသွားအပြန်တွင် ဖြစ်သော ယာဉ်တိုက်မှုဆိုပါက ၄-၄။ တွင် ရှင်းပြထားသော “ လုပ်ငန်းခွင်ထိခိုက်မှု အာမခံ (ရိုးစိုင်းဟိုခန်း)” ကို အသုံးပြနိုင်ပါတယ်။ ကုမ္ပဏီနှင့် ချက်ချင်းတိုင်ပင်ပါ။
• အလုပ်နှင့်ဆက်စပ်မှုမရှိသော ယာဥ်တိုက်မှုဆိုပါက သင့်အား ထိခိုက်ဒဏ်ရာရစေသူမှ ကုသမှုအတွက်ကုန်ကျငွေကို ပေးဆပ်ရမည်။ တဖက်သားကို ဆက်သွယ်နိုင်ရန် နာမည်၊ ဖုန်းနံပတ်၊ လိပ်စာများကို တောင်းဆိုပါ။ ထို့နောက် ရဲကိုဆက်သွယ်ကြပါစို့။

• ယာဉ်တိုက်မှုဖြစ်ပွားပါက ရဲ (ဖုန်းနံပါတ် ၁၁၀) ကို ဆက်သွယ်ရပါမည်။

4. 6. အကယ်၍ ဂျပန်နိုင်ငံတွင် သေဆုံးခြင်း၊ သတိမေ့သွားခြင်း၊ တသက်တာ မသန်မစွမ်းဖြစ်ခြင်း အစရှိသည်တို့ဖြစ်ပါက မည်သို့ ဖြစ်နိုင်ပါသနည်း။

• အလုပ်နှင့်ဆက်စပ်သော ရောဂါနှင့် ထိခိုက်ဒဏ်ရာကြောင့် ထိုသို့ဖြစ်ပါက ၄-၄။ ၏ “ လုပ်ငန်းခွင်ထိခိုက်မှု အာမခံ” ဖြင့် ဆေးကုသစရိတ်ကို ပေးဆောင်နိုင်ပါသည်။ ထို့ပြင် တသက်စာ မသန်မစွမ်းဖြစ်ခဲ့ပါက ငွေတလုံးတခဲကို ရယူနိုင်ပြီး၊ ကွယ်လွန်ခဲ့ပါက ကျန်ရစ်သူမိသားစုအား ထိုငွေကိုပေးဆောင်မည်ဖြစ်ပါသည်။
• ကုမ္ပဏီ သို့မဟုတ် စီမံကွပ်ကဲရေးအဖွဲ့မှ သင့်အတွက်ထားရှိသော အာမခံအမျိုးအစားပေါ်မူတည်ပြီး ထိုမှငွေရရှိခြင်း၊ အကယ်၍သေဆုံးချိန်တွင် ကျန်ရစ်သူမိသားစုအား ငွေပေးချေခြင်းများ ပြုလုပ်ပေးပါသည်။ ကုမ္ပဏီ သို့မဟုတ် စီမံကွပ်ကဲရေးအဖွဲ့ဖြင့် အတည်ပြုပါ။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။

4. 7. ချက်ခြင်း မကျွမ်းကျင်သေးသော အလုပ်ကိုလုပ်ရ၍ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်မိပါသည်။

• မကျွမ်းကျင်ပါက အန္တရာယ်ရှိနိုင်သော အလုပ်ကိုမလုပ်ခင် အရင်လေ့ကျင့်စေရမည်ဟု ဥပဒေအရ သတ်မှတ်ထားပါသည်။ ဥပမာ – ဂဟေဆော်ခြင်း၊ ဖော့ကလစ်၊ ကရိန်းမောင်းနှင်ခြင်း စသည်တို့ဖြစ်သည်။ တကယ်မလုပ်ရခင်၊ အရင်လေ့ကျင့်ချင်သည်ဟု ကုမ္ပဏီကိုပြောပါ။ မိမိကြောက်ရွံ့သောအရာကို အထက်လူကြီးနှင့် မတွန့်မဆုတ် တိုင်ပင်ကြပါစို့။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။

4. 8. အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်သည် ခက်ခဲကြမ်းတမ်းပါသည် (နံစော်ခြင်း၊ မှောင်ခြင်း၊ ကျဥ်းခြင်း၊ ဆူညံခြင်း၊ ပူအေးခြင်း၊ ခန္ဓာကိုယ်အနေအထားမှာ မသက်သာခြင်း၊ ဘေးမကင်းခြင်း)။ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း?

• ကုမ္ပဏီ၏ အထက်အရာရှိ၊ “ ကျန်းမာရေးတာဝန်ခံ” ၊ “ လုပ်ငန်းခွင် ကျန်းမာဘေးကင်းမှု မြှင့်တင်ရေးတာဝန်ခံ” စသူတို့နှင့် တိုင်ပင်ကြပါစို့။ “ ကျန်းမာရေးတာဝန်ခံ” နှင့် “ လုပ်ငန်းခွင် ကျန်းမာဘေးကင်းမှု မြှင့်တင်ရေးတာဝန်ခံ” မှာ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ကောင်းမွန်အောင်ပြုလုပ်ဖို့ ကုမ္ပဏီတွင်ရှိနေသူများ ဖြစ်ပါသည်။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။
• ထို့အပြင် ဂျပန်စကားပြောတတ်ပြီး ယုံကြည်စိတ်ချရသူကို အကူအညီတောင်းပြီး “ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာန” *၁ တွင် တိုင်ပင်ဆွေးနွေးကြပါစို့။
*၁ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာန – အလုပ်သမားများ ကျန်းမာ၍ စိတ်နှလုံးအေးချမ်းစွာ အလုပ်လုပ်နိုင်ရန် လုပ်ငန်းကုမ္ပဏီများက ဥပဒေအား လိုက်နာနေခြင်းရှိမရှိကို စောင့်ကြည့်ကြီးကြပ်သော အစိုးရရုံးတစ်ခုဖြစ်ပါသည်။

အောက်ပါ QR ကုဒ်မှ သင်နေထိုင်ရာဒေသရှိ အလုပ်သမား စံချိန်စံညွှန်း ကြီးကြပ်ရေးဌာနကို ရှာဖွေနိုင်ပါသည်။

4. 9. ကုမ္ပဏီမှ အထက်လူကြီးထံမှ မကြာခဏ ကြမ်းတမ်းသော စကားများပြောခြင်း၊ အကြမ်းဖက်ခြင်းများ ရှိသည့်အတွက် အရမ်းကြောက်နေရပါသည်။ မည်ကဲ့သို့လုပ်လျှင် ကောင်းမည်နည်း။

• ကုမ္ပဏီ၏ ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ပါ။ “ အာဏာသုံးနှောင့်ယှက်မှု (ပါဝါဟာရာ)” ဖြစ်နိုင်ပါသည်။ “ ပါဝါဟာရာ” ဆိုသည်မှာ သင့်ထက်ရာထူးကြီးသူက အလုပ်လုပ်စဥ် လိုအပ်သည်ထက်ပိုသော ကြမ်းတမ်းသည့်စကားလုံးများနှင့် အပြစ်တင်ခြင်း၊ အကြမ်းဖက်ခြင်းကြောင့် သင်မှအလုပ်သို့မသွားချင်လောက်အောင် ကြောက်လန့်စေသော လုပ်ရပ်ဖြစ်သည်။
• အလုပ်တွင် ပါဝါဟာရာကို ခံရပါက မည်သည့်အချိန်၊ မည်သည့်နေရာတွင်၊ မည်သူ့ထံမှ၊ မည်သို့သော နှောင့်ယှက်မှုကိုခံခဲ့ရကြောင်း၊ သင်ဘယ်လိုခံစားခဲ့ရကြောင်းကို သေချာစွာ စာဖြင့်ချရေးထားပါ။ နှုတ်ဖြင့်အကြမ်းဖက်မှုသည် “ ပြောတယ်၊ မပြောဘူး” ဆို၍ အငြင်းအခုံအဖြစ်များသဖြင့် အသံသွင်းထားခြင်း၊ ဗီဒီယိုရိုက်ထားခြင်းများ ပြုလုပ်ထားပါ။ ကြမ်းတမ်းသောစာလုံးများပါသော အီးမေးလ်နှင့် စာများကို သေချာစွာ သိမ်းထားကြပါစို့။ ကိုယ်ထိလက်ရောက်အကြမ်းဖက်မှုအတွက် ဓာတ်ပုံရိုက်ထားခြင်း၊ ဆရာဝန်ပြ၍ ဆေးမှတ်တန်းကို သေချာစွာသိမ်းထားခြင်း ပြုလုပ်ပါ။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။
• ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရလျှင် ရဲစခန်းတွင် တိုင်ပင်နိုင်ပါသည်။
• တိုင်းနှင့်ပြည်နယ် နိုင်ငံခြားသားအလုပ်သမား ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်နိုင်ပါသည်။

4. 10. လုပ်ဖော်ကိုင်ဖက်မှ အတန်တန်ငြင်းဆိုနေသည့်တိုင်အောင် ထမင်းအတူတူစားဖို့ခေါ်ခြင်း၊ နှစ်ယောက်တည်း အပြင်သွားဖို့ ဖိတ်ခေါ်ခြင်း ခန္ဓာကိုယ်အား မလိုအပ်ပဲထိတွေ့ခြင်း အစရှိသည့်လိင်ပိုင်းဆိုင်ရာ အပြုအမူများ ပြုကျင့်ခြင်းခံရသည်။ မည်ကဲ့သို့ ပြုလုပ်သင့်ပါသနည်း။

• “ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု (စက်ခုဟာရာ)” ဖြစ်နိုင်ပါသည်။
• “ စက်ခုဟာရာ” ဆိုသည်မှာ ကျား၊မ မရွေးဘဲ သင်မှမနှစ်မြို့သော လိင်ပိုင်းဆိုင်ရာအပြုအမူများကို ပြောချင်း၊ လုပ်ခြင်းတို့ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာကိစ္စများ ပြောခြင်း၊ ပြုလုပ်ခြင်းကို “ မလုပ်နဲ့” လို့ပြောလိုက်လို့ တစ်ဖန် လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်နှောင့်ယှက်ပါက ဤသည်မှာလည်း စက်ခုဟာရာပင် ဖြစ်ပါသည်။
• ကုမ္ပဏီနှင့် တိုင်ပင်ဆွေးနွေးသော်လည်း ပြောင်းလဲမှုမရှိခဲ့လျှင် “ တိုင်းနှင့်ပြည်နယ် အလုပ်သမားရေးရာဦးစီးဌာန၊ အလုပ်ခန့်ထားခြင်းနှင့် အလုပ်အကိုင်ပတ်ဝန်းကျင်၊ တန်းတူညီမျှရေးဌာန (ရုံး) နှင့်လည်း တိုင်ပင်ဆွေးနွေး နိုင် ပါ သည် ။ သင်ကိုယ်တိုင်လည်း သတိမပြုမိပဲ တစုံတယောက်အား 「လိင်ပိုင်းဆိုင်ရာ စော်ကားမှု」ကို ပြုလုပ်ကောင်း ပြုလုပ်နေနိုင်ပါသည်။ မိမိ၏ အပြုအမူကို သတိထားကြပါစို့။
• သင်သည် အလုပ်သင် ဖြစ်ပါက စီမံကွပ်ကဲရေးအဖွဲ့ (ကုမအအိ)နှင့် ၄-၁၂ ရှိ နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ(OTIT) ၏ မိခင်ဘာသာစကားဖြင့် ဆွေးနွေးတိုင်ပင်ရန်ကောင်တာတွင် တိုင်ပင်ကြပါစို့။

ဗီယက်နမ်ဘာသာဖြင့် တိုင်ပင်ဆွေးနွေးခြင်း။

* Technical Intern Training (OTIT) အတွက် အဖွဲ့အစည်း၊

ဂျပန်နိုင်ငံတွင် နေထိုင်စဉ် နည်းပညာဆိုင်ရာ အလုပ်သင်များ ကြုံတွေ့ရနိုင်သည့် ပြဿနာများအတွက် အကြံဉာဏ်များ
* Technical Intern Training (OTIT)
နည်းပညာ အလုပ်သင် လေ့ကျင့်ရေး အရေးပေါ် အဖွဲ့အစည်းနှင့် SOS အတိုင်ပင်ခံ ချန်နယ်

  0120-250-168 (ဗီယက်နမ် ညှိနှိုင်းကူညီမှု)
 တနင်္လာ မှ သောကြာ : 11:00 – 19:00 ၊ စနေနေ့ : 9:00 – 17:00

ဆိုရှယ်မီဒီယာ (SNS) လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အတိုင်ပင်ခံ ချန်နယ်
“Cure time”

Vietnam Counseling Support နာရီ- 17:00 မှ 21:00 တနင်္လာနေ့
တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့

အသေးစိတ်ကို ဂျပန်ဘာသာဖြင့်

* * လိင်မှုဆိုင်ရာ ရာဇ၀တ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် တစ်ခုတည်းသော ပံ့ပိုးကူညီမှုစင်တာများစာရင်း
အောက်ဖော်ပြပါသည် တစ်နိုင်ငံလုံးရှိ လိင်မှုဆိုင်ရာ ရာဇ၀တ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အကြံဉာဏ်ပေးသည့် လမ်းကြောင်းများစာရင်းဖြစ်သည်။
ထို့အပြင်၊ ဤစာရင်းသည် သားဖွားမီးယပ်နှင့် မီးယပ်ဗေဒဌာန၊ စိတ်ပိုင်းဆိုင်ရာ အကြံပေးခြင်းနှင့် ဥပဒေရေးရာ အကြံပေးခြင်းဆိုင်ရာ ဆေးဝါးကုသမှုဆိုင်ရာ အချက်အလက်များကိုလည်း ပေးပါသည်။

4. 11. ကုမ္ပဏီမှာ အလုပ်သမားသမဂ္ဂ ရှိသည်ဟု ကြားသိထားပါသည်။ မိမိက ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း များရှိလျှင် အလုပ်သမားသမဂ္ဂထံမှ မည်သည့်ထောက်ပံ့မှုမျိုး ရရှိနိုင်သလဲ။

• အလုပ်သမားသမဂ္ဂသည် ဥပမာအနေဖြင့် ဖျားနာ၊ ထိခိုက်ဒဏ်ရာရ၍ “ အလုပ်မလုပ်နိုင်ပါက ကုမ္ပဏီမှထွက်ခိုင်းမယ်” ‌စသဖြင့် ပြောဆိုခြင်းခံရသည့်အခါမျိုးတွင် ကုမ္ပဏီနှင့်ညှိနှိုင်း ဆွေးနွေးပေးပါမည်။ ထို့အပြင် လစာနှင့် ပတ်သက်သည့်ပြဿနာ၊ အလုပ်ထုတ်ခံရနိုင်ခြေရှိခြင်း၊ အာဏာသုံးနှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခြင်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
• အလုပ်သမားသမဂ္ဂကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမ မရွေး၊ ထို့အပြင်တခြားသူများနှင့် ကွာခြားချက်တစ်စုံတစ်ခုရှိသူ မည်သူမဆို ဝင်ရောက်နိုင်ပါသည်။

ဂျပန်ဘာသာဖြင့် သတင်းအချက်အလက်များ

နည်းပညာအလုပ်သင်များထံမှ နေ့စဉ် ဆွေးနွေးတိုင်ပင်မှုများကိုလက်ခံပြီး ပြဿနာများကို ဖြေရှင်းပေးနေသော တစ်နိုင်ငံလုံးရှိ လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ကွန်ရက်

နောက်ထပ်အချက်အလက်များ

ရာသီအပြောင်းအလဲတွင် သတိပြုရမည့် အချက်များ

ဂျပန်နိုင်ငံတွင် နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းရာသီ ဟူ၍ ရာသီဥတု ၄ မျိုးရှိပါသည်။ ရာသီပြောင်းချိန်တွင် အပူချိန်နှင့် စိုထိုင်းမှုတို့ ရုတ်တရက် အတက်အကျဖြစ်၍ မမာမကျန်းဖြစ်တတ်သောကြောင့် သတိပြုစေလိုပါသည်။

ဂျပန်နိုင်ငံ၏ နွေဦးရာသီသည် နွေးထွေးပြီး နေထိုင်၍ ကောင်းသော ရာသီဥတုတစ်ခုဖြစ်ပါသည်။.ကျောင်းများစတင်ဖွင့်လှစ်ခြင်း/ ဘဝသစ်များစတင်ခြင်းတို့ကြောင့် “ နွေဦးရာသီသည် ဆုံစည်းမှုအသစ်များ၏ ရာသီ” ဟုဆိုကြပါသည်။ ချယ်ရီပန်းပွင့်များကိုကြည့်ရင်း စားသောက်ကြသည့် ပန်းကြည့်ပွဲ “ ဟာနမိ” ကိုလည်း ပြုလုပ်ကြပါသည်။
ဂျပန်နိုင်ငံ၏ နွေရာသီသည် တစ်နှစ်လုံးတွင် အပူဆုံးရာသီပင်ဖြစ်သည်။
ဇွန် ~ ဇူလိုင်လလယ်လောက်တွင် မိုးရာသီ “ စွတ်ယု” သို့ ဝင်ရောက်ပါသည်။ မိုးရာသီသို့ ရောက်ရှိလာပါက မိုးရွာပြီးစိုထိုင်းသော နေ့ရက်များ ဆက်နေပြီး၊ နေသာသောရက် သိပ်မရှိပါ။ မိုးရာသီလွန်ပါက အပူချိန်ကတစ်ရှိန်ထိုး တက်လာပြီး အမှန်တကယ် နွေရာသီ ရောက်ရှိပါသည်။ ဂျပန်နိုင်ငံအနှံ့တွင် နွေရာသီပွဲတော်နှင့် မီးပန်းပွဲတော်များ ကျင်းပါသည်။
အပူပြင်းတဲ့အခါ လေအေးပေးစက်၊ ပန်ကာများဖြင့် အခန်းတွင်းအပူချိန်ကို ထိမ်းသိမ်းကာ၊ ရေဓာတ်ကိုလုံလုံလောက်လောက် ဖြည့်တင်းပေးရန် လွန်စွာအရေးကြီးပေသည်။
ဂျပန်နိုင်ငံ၏ ဆောင်းဦးရာသီသည် နေထိုင်၍ကောင်းသော ရာသီဥတုဖြစ်ပါသည်။ ဂင်းကိုးရွက်နှင့် မေပယ်ရွက်များက အနီ၊ အဝါရောင်သို့ ပြောင်း၍ဖြစ်သော ရွက်နီ “ ကိုးရော” သည် အလွန်နာမည်ကြီးပါသည်။ ဆူဆူကီမြက်၊ ဒန်းဂိုးမုန့်တို့ဖြင့် အလှဆင်၍ လကိုကြည့်ရှု့သည့် လကြည့်ပွဲ “ ဆွတ်ကိမိ” ကိုလည်း ပြုလုပ်ပါသည်။
ဂျပန်နိုင်ငံ၏ ဆောင်းရာသီသည် ချမ်းအေးသော ရာသီဥတုဖြစ်ပါသည်။ ၁ – ၂လပိုင်းအတွင်းတွင် အချို့ဒေသများတွင် အပူချိန်မှာရေခဲမှတ်အောက်ရောက်ပြီး ဟိုကိုင်းဒိုး၊ တိုးဟိုကု၊ ဂျပန်ပင်လယ်ဘက်ရှိဒေသများတွင်း နှင်းကျပြီး စုပုံလာသည့်နေ့များလည်းရှိပါသည်။ ချမ်းအေးသည့်အခါ ခြေအိတ်များဝတ်ခြင်း၊ အပေါ်အင်္ကျီများ ဝတ်ခြင်းတို့ဖြင့် အဝတ်အစားကို အထိုက်အလျောက်ဝတ်ရန် လိုအပ်ပါသည်။ အပူပေးစက်အစရှိသည်ကို အသုံးပြုပြီး အခန်းအပူချိန်ကို ချိန်ညှိကြပါစို့။ တစ်နှစ်တာ၏ ပထဦးဆုံးလ၊ နှစ်သစ်ကူးပွဲသည် ဆောင်းရာသီတွင် ကျရောက်ပြီး “ အိုဆဲချိ” ဟုခေါ်သော ခန်းနားထည်ဝါသော အစားအစာဖြင့် နှစ်သစ်ကူးပွဲကိုဆင်နွှဲကြသည်ကို တွေ့မြင်နိုင်ပါသည်။
ရာသီဥတု အပြောင်းအလဲတွင် ဖျားနာရန် လွယ်ကူပါသည်။ ထို့ကြောင့် ကျန်းမာရေးကို သတိထားပြီး၊ လုံလောက်စွာအိပ်စက်ကြပါစို့။