ကူးစက်ရောဂါ သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သည့် ရောဂါများဖြစ်ပြီး အကြိမ်အချို့တွင် လူနာအနေဖြင့် ကိုယ်တိုင် ကူးစက်ပေးနေသည်ကို မသိနိုင်ပါ။ ဤအခန်း (အခန်း ၂) တွင် ဂျပန်တွင် နေထိုင်လုပ်ကိုင်နေစဉ် တွေ့ကြုံနိုင်သည့် ကူးစက်ရောဂါများအကြောင်း ရှင်းလင်းထားပါသည်၊ ထိုအထဲတွင် တီဘီ (လေကြောင်းရောဂါ) နှင့် HIV တို့ ပါဝင်သည်။ ထို့အပြင် “အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေများ” (ဥပမာ COVID-19) အကြောင်းကိုလည်း ဤနေရာတွင် ရှင်းလင်းထားပါသည်။

တီဘီ သည် သင့်တော်သော ကုသမှုခံယူပါက ပြန်လည်ကုသနိုင်သည့် ရောဂါဖြစ်သည်။ HIV သည် ဆေးဝါးအသုံးပြုခြင်းဖြင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်နိုင်သည့် ရောဂါဖြစ်သည်။ ရောဂါပေါ်ပေါက်ပါက အလုပ်ရှင်ထံတွင် အကူအညီတောင်းခံ၍ ကျန်းမာရေး ပြန်လည်ကောင်းမွန်ရန် လိုအပ်သည့် ကာလအတွင်း အလုပ်မှ အနားယူခွင့်ရနိုင်သည်။
ကျန်းမာရေးအခြေအနေကို စိုးရိမ်ပါက အချိန်မီ ဆေးစစ်ဆေးခြင်း၊ စမ်းသပ်မှုများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်သင့်ပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် ရောဂါ ပိုမဆိုးရင် ဆက်လက် အလုပ်လုပ်နိုင်ပါသည်။
ဆေးရုံသို့ သွားရောက် စစ်ဆေးရာတွင် သင့်ပုဂ္ဂလိကနည်းလမ်းများနှင့် သတင်းအချက်အလက်များကို ကာကွယ်ထားမည်ဖြစ်သည်။

2. 1. ချောင်းဆိုးပြီး နေရထိုင်ရ ခက်ခဲနေပါသည်။ မည်သည့်ရောဂါများ ဖြစ်နေနိုင်ပါသနည်း?

• ချောင်းဆိုးခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။
• အချိန်ကြာမြင့်စွာ ချောင်းဆိုးခြင်း၊ သွေးပါသော သလိပ်၊ အဖျားအနည်းငယ်ရှိခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသည့် ရောဂါလက္ခဏာများရှိပါက တီဘီရောဂါ ဖြစ်နိုင်ချေရှိပါသည်။ ဤကဲ့သို့ အခါမျိုးတွင် ဆရာဝန်ကို ချက်ချင်းပြသသင့်ပါသည်။
• ကိုဗစ်-၁၉ လို့ သံသယရှိနိုင်သော ကိုယ်ပူချိန်စသည့် လက္ခဏာများရှိပါက ကြိုတင်၍ ဆေးရုံဆေးခန်းများကို စီစစ် အတည်ပြုပြီး ဆေးစစ်မှုကို ခံယူကြပါစို့
Tကိုဗစ်-၁၉၊ တုတ်ကွေးရောဂါနှင့် တီဘီရောဂါများသည် ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ ကိုယ်ပူခြင်းတို့ကို ဖြစ်ပေါ်စေသည်။ သိသိသာသာ ကွာခြားချက်မှာ ရောဂါဆိုးရွားလာသည့် အမြန်နှုန်းပင်ဖြစ်သည်။ တီဘီရောဂါသည် ရောဂါကူးစက်ပြီးနောက် ရောဂါလက္ခဏာများဖြစ်ပေါ်သူသည် ၁၀ ဦးတွင် ၁ -၂ဦးမျှသာရှိပြီး ရောဂါလက္ခဏာများ ထွက်ပေါ်လာသည်အထိ လအနည်းငယ်မှ ၂နှစ်ခန့်အထိကြာလေ့ရှိသည်။ ကိုဗစ်-၁၉၊ တုတ်ကွေးရောဂါကဲ့သို့ ကူးစက်ရောဂါများသည် သုံးလေးရက်အတွင်း လက္ခဏာများကိုပြသပါသည်။ မည်သို့ပင်ဖြစ်စေ ရောဂါလက္ခဏာများဖြစ်လာလျှင် အမြန်ဆုံးဆေးစစ်ခြင်းနှင့်၊ ဆေးရုံတွင်ကုသမှုခံယူရန် စဉ်းစားပါ။

2. 2. တီဘီရောဂါဟု စစ်ဆေးမှုအဖြေ ရရှိပါက မည်သို့ ဖြစ်မည်နည်း။

• တီဘီရောဂါသည် ဆေးဖြင့် ပျောက်ကင်းအောင် ကုသနိုင်သည့် ရောဂါဖြစ်သည်။ ကုသမှုကာလသည် များသောအားဖြင့် ၆လခန့်ဖြစ်သော်လည်း၊ ထို့ထက်ပိုကြာနိုင်ပါသည်။ အဆုတ်ရောင်တီဘီရောဂါက တစ်ခြားသူများအား ကူးစက်နိုင်ပါက ခဏတာဆေးရုံတက်ရသည့် အခါများလည်း ရှိပါသည်။ ဆေးကုသစရိတ်သည် ပြည်သူ့ဘဏ္ဏာငွေမှ ထောက်ပန့်ပါသည်။
• ဆေးရုံမှဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာကြပါစို့။
ရောဂါလက္ခဏာ မပြင်းထန်ပါက ဆေးရုံတက်ရောက်ရန်မလိုပဲ ပုံမှန်အတိုင်း အလုပ်ပုံမှန် လုပ်ကိုင်နိုင်သည်။
မိမိနိုင်ငံသို့ ပြန်သွားရန် မလိုပါ။

အဆုတ်တီဘီပြင်းထန်းနေချိန် အခြားသူများကို ကူးစက်နိုင်သော်လည်း၊ သာမန်အားဖြင့် ဆေးဝါးစတင်ကုသပြီးနောက် နှစ်ပတ်ခန့်ကြာပါက မကူးစက်တော့ပါ။
ရောဂါလက္ခဏာမပြသော၊ အခြားသူများကို မကူးစက်နိုင်သော တီဘီအမျိုးအစား (ငုတ်နေသော တီဘီရောဂါ) လည်းရှိပါသည်။

တီဘီရောဂါသည် မှန်ကန်သောကုသမှုဖြင့် ပျောက်ကင်းအောင် ကုသနိုင်သည့် ရောဂါဖြစ်ပါသည်။ သင့်ကိုယ်ခန္ဓာမှ ဘက်တီးရီးယားများကို ပြင်ပသို့မထွက်အောင်၊ သင့်လျော်သောကုသမှုကို ခံယူနေပါက အခြားသူများကို ကူးစက်နိုင်ခြင်းမရှိဘဲ၊ အများအားဖြင့် အလုပ်ဆက်လက်လုပ်ကိုင်နိုင်ပါသည်။

[ဆွေးနွေးနိုင်သော ဌာနများစာရင်း]

[တီဘီရောဂါ]

တီဘီရောဂါဆိုင်ရာ တယ်လီဖုန်း ဆွေးနွေးတိုင်ပင်ခြင်း ဝန်ဆောင်မှုကို သုတေသနဌာန တီဘီရောဂါ အစီအစဉ်ဌာန၏ အစီအစဉ် ပံ့ပိုးမှု ဗီယက်နမ်တီဘီရောဂါ တယ်လီဖုန်း အတိုင်ပင်ခံ ဝန်ဆောင်မှု Tel: 03-3292-1219 (အင်္ဂါနေ့တိုင်း၊ 10:00 – 15:00)၊

* ပရိုဂရမ်အထောက်အကူပြုဌာန၊ တီဘီရောဂါသုတေသနဌာန၊

03-3292-1219 (ဗီယက်နမ်ဘာသာစကားဖြင့် တိုင်ပင်နိုင်သည်)
03-3292-1219 (ဗီယက်နမ်ဘာသာစကားဖြင့် တိုင်ပင်နိုင်သည်)
ဝန်ဆောင်မှု အားလုံးသည် အခမဲ့ ဖြစ်ပြီး၊ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းပါမည်။

2. 3. HIV ကူးစက်ခြင်းခံရပြီလားဆိုပြီး စိုးရိမ်နေပါတယ်။

HIV ကူးစက်ခြင်းခံရပြီလားဆိုပြီး စိုးရိမ်နေပါက အမြန်ဆုံး စစ်ဆေးခြင်းခံယူပါ။ ပြည်သူ့ကျန်းမာရေးဌာနမှာ အခမဲ့ အစမ်းသပ်ခံနိုင်ပါတယ်။

2. 4. HIV ရောဂါရှိတယ်ဆိုရင် ဘာလုပ်သင့်သလဲ။

အခုခေတ်မှာ HIV ရောဂါကို စောစောကုသမယ်ဆိုရင် ရောဂါမကူးစက်ခင်ကလိုပဲ နေထိုင်သွားနိုင်ပါတယ်။
HIV (+) ဟုအဖြေထွက်လျှင်ပင် သင့်တော်သောကုသမှုခံယူပြီး ကျန်းမာရေးကို ဆက်လက်ထိန်းသိမ်းပါက အလုပ်ပြုတ်ခြင်း၊ နေထိုင်ခွင့်ဗီဇာကို ထိခိုက်ခြင်းတို့မရှိပါ။

HIV ရောဂါသည် လိင်ကိစ္စမှအပ အခြားနည်းဖြင့် ကူးစက်ရန်ခက်ခဲသည့် ရောဂါတစ်ခုဖြစ်သည်။ ရောဂါရှိတယ်ဆိုတာ သိလိုက်ရရုံနဲ့ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင်ကလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကို ရုတ်တရက် ပြောင်းလဲဖို့မလိုပါဘူး။
ဆေးစစ်မှုရလဒ်တွေကို ဘယ်သူ့ကိုမှ ပြောစရာမလိုပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံဖော်ကိုတော့ ပြောပြပါ။

[HIV (+) ဟု ဆေးစစ်မှုအဖြေထွက်သူများအတွက်]

ဂျပန်နိုင်ငံတွင် HIVကိုကုသသည့်အခါ HIVဆေးဝါးများမှာ အလွန်စျေးကြီးပါသည်။ သင့်ကျန်းမာရေးအာမခံတွင်မပါသည့် ကုန်ကျစရိတ်များအတွက် အထောက်အပံ့လျှောက်ထားနိုင်ပါသည်။
ထောက်ပံ့မှုအတွက် လျှောက်ထားရန် အသေးစိတ် စမ်းသပ်မှု အချက်အလက်များနှင့် ရှုပ်ထွေး သော လုပ်ထုံးလုပ်နည်းများ လိုအပ်ပါသည်။ သေချာနားမလည်ပါက HIV အထူးပြုဆေးရုံ သို့မဟုတ် NPOများနှင့်တိုင်ပင်ပါ။
ရောဂါရှာဖွေတွေ့ရှိခဲ့တဲ့ဆေးရုံမှ သင့်အား ရှင်းပြမည်ဖြစ်သည့်အတွက် ကောင်းစွာနားလည်အောင်လုပ်ပြီး ကုသပေးပါ။

2. 5. ဂျပန်နိုင်ငံမှာ ကူးစက်ရောဂါတစ်ခု ပျံ့နှံ့နေတယ်လို့ကြားရလို့ သွားရမှာကို စိုးရိမ်မိတယ်။ ဘယ်ကနေ သတင်းအချက်အလက်တွေကို ရယူပြီး ဘယ်လိုပြင်ဆင်ထားသင့်သလဲ။

သက်ဆိုင်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံရုံး စသည့် အစိုးရဌာနများ၏ သတင်းအချက်အလက်ကို စီစစ်အတည်ပြုပါ။
ဂျပန်နိုင်ငံနှင့်ပတ်သက်သော သတင်းများကို ပုံမှန်လည်း စိတ်ဝင်စားပြီး၊ နောက်ဆုံးရ သတင်းများကို စုဆောင်းရန် အရေးကြီးပါသည်။ သို့သော် တခါတရံ သတင်းမှားများလည်း ရှိနေနိုင်၍
ရှေးဦးစွာ အစိုးရအဖွဲ့အစည်းများမှ ထုတ်ပြန်သော သတင်းအချက်အလက်များကို ကိုးကားပါ။
ဂျပန်နိုင်ငံတွင် မကြာခဏ ဖြစ်ပွားတတ်သော ကူးစက်ရောဂါများတွင် ဝက်သက်၊ ဂျိုက်သိုးနှင့် တုပ်ကွေးရောဂါတို့ပါဝင်ပြီး ကာကွယ်ဆေးများဖြင့် ကာကွယ်နိုင်ပါသည်။
စိုးရိမ်စရာရောဂါလက္ခဏာများရှိပါက အနီးအနားတွင်
ရှိသော ဆေးရုံဆေးခန်းကို သွားရောက်ကြပါစို့
➡ ဆေးစစ်ခံယူရန် နည်းလမ်းများ (Link)

အသေးစိတ် ထပ်မံရှာဖွေမည်!

“ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ” ဆိုသည်မှာ ဘာလဲ?
ကျွန်ုပ်တို့သည်COVID-19ကပ်ရောဂါဖြင့်ကြုံခဲ့ရသကဲ့သို့၊
ကမ္ဘာတလွှား တိုးတက်ပြေးပြောင်းလဲမှုများအကြား
ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများက
တိုင်းပြည်နှင့် ကမ္ဘာလုံးဆိုင်ရာ အလွန်အရေးကြီးသော
ပြဿနာတစ်ခု ဖြစ်လာ‌ပါသည်။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများတွင် ရောဂါဖြစ်ပွားခြင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် လူသားများအား ထိခိုက်ဒဏ်ယာများ ဖြစ်ပွားစေခြင်း၊ အသက်ဘေးအန္တရာယ် ဆုံးရှံးမှုများကို ဖြစ်ပွားစေပါသည်။ တစ်စုံတစ်ခုသော အခြေအနေတွင် ကျန်းမာရေးအကျိုးဆက်များကို ဖြေရှင်းရန်အတွက် လူ့အဖွဲ့အစည်းများ ကောင်းမွန်စွာလည်ပတ်နိုင်ခြင်း မရှိတော့ပါက အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာနိုင်ပေသည်။

ဥပမာအဖြစ် –
• ကူးစက်ရောဂါများ ဖြစ်ပွားခြင်း – တုပ်ကွေးရောဂါ ကပ်ဘေး၊ ဝက်သက်ရောဂါ၊ ငှက်တုပ်ကွေး၊ COVID-19 စသည်
• သဘာဝဘေးအန္တရာယ်များ၏ ကျန်းမာရေးအကျိုးဆက်များ– မြေငလျင်၊ ဆူနာမီ၊ ရေကြီးခြင်း၊ တိုင်ဖွန်းမုန်တိုင်း စသည်
• အကြမ်းဖက်မှုလုပ်ရပ်များ – ဗုံးဖေါက်ကွဲခြင်း၊ အကြမ်းဖက်ပစ်ခတ်မှု၊ ဇီဝလက်နက်ဖြင့် အကြမ်းဖက်မှု စသည်
• လူအမြောက်အများ သေစေသော မတော်တဆမှုများ– လေယာဉ်ပျက်ကျခြင်း၊ ရထားလမ်းချော်ခြင်း စသည်
• ဂျပန်နိုင်ငံတွင် ဝက်သက် ဂျိုက်သိုးနှင့် တုပ်ကွေးရောဂါ (ရောဂါကူးစက်သူများ တိုးပွားလာကြောင်း) သတင်းများရရှိထားပြီး၊ ကူးစက်ရောဂါပျံ့ပွားချိန်တွင် ကာကွယ်ရန်လုပ်ဆောင်မှုများ (လက်ဆေးခြင်း၊ မက်စ်တပ်ဆင်ခြင်း စသည်) နှင့် ကာကွယ်ဆေးထိုးခြင်းများသည် အကျိုးရှိပါသည်။
ဂျပန်နိုင်ငံတွင် ဆောင်းရာသီရောက်တိုင်း တုပ်ကွေးရောဂါပျံ့နှံ့သဖြင့် ကုမ္ပဏီလုပ်ငန်းများသည် တုပ်ကွေးကာကွယ်ဆေးထိုးရန်ကုန်ကျစရိတ်ကို ထောက်ပံ့ပေးတတ်ကြပါသည်။
ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စဖြစ်ပါက ဂျပန်အစိုးရ၊ ဒေသန္တရအစိုးရများနှင့် သတင်းဌာနများမှ သတင်းအချက်အလက်များကို စုဆောင်းရှာဖွေရန် လွန်စွာအရေးကြီးပါသည်။