သင်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေစဉ် အနည်းဆုံးလည်း အနာရောဂါဖြစ်ခဲ့ပါက ဘာလုပ်ရမည်ကို မသိသေးပါက ဤအပိုင်းသည် ဆေးခန်းနှင့် ဆေးရုံသို့ သွားရောက်ခြင်းနည်းလမ်းများနှင့် အာမခံစနစ်များကို ရှင်းလင်းပေးပါသည်။
သင်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေစဉ် အနည်းဆုံးလည်း အနာရောဂါဖြစ်ခဲ့ပါက ဘာလုပ်ရမည်ကို မသိသေးပါက ဤအပိုင်းသည် ဆေးခန်းနှင့် ဆေးရုံသို့ သွားရောက်ခြင်းနည်းလမ်းများနှင့် အာမခံစနစ်များကို ရှင်းလင်းပေးပါသည်။
技能実習生(ぎのうじっしゅうせい) သည် ဂျပန်နိုင်ငံရှိ ဆေးခန်းများနှင့် ဆေးရုံများသို့ သွားရောက် စစ်ဆေးကုသမှုခံယူနိုင်ပါသည်။ ကုသမှုစရိတ်သည် အနည်းငယ် ဈေးကြီးသော်လည်း ဂျပန်တွင် လူတိုင်းသည် အာမခံစနစ်တွင် ပါဝင်ပြီး ကုသမှုစရိတ်ကို လျော့ချပေးနိုင်သော အာမခံစနစ်ရှိသည်။ အာမခံရှိပါက ဆေးခန်းနှင့် ဆေးရုံတွင် လိုက်နာဆောင်ရွက်ရမည့် စရိတ်သည် စုစုပေါင်းစရိတ်၏ ၃၀% သာ ဖြစ်မည်။ ဂျပန်တွင် အာမခံအမျိုးအစားနှစ်မျိုးရှိပြီး 「企業健康保険」と「国民健康保険」 ဖြစ်ပြီး 技能実習生(ぎのうじっしゅうせい) သည် ထိုအမျိုးအစားနှစ်ခုအနက် တစ်ခုတွင် ပါဝင်ရမည်။ ဆေးခန်းနှင့် ဆေးရုံသို့ သွားရောက်ရာတွင် အာမခံကတ်ကို မမေ့ပါနဲ့။
တချို့ရောဂါများ (ဥပမာ かぜ、怪我、歯の痛み) လက္ခဏာတွေ ဖြစ်ပေါ်လာပါက ရောဂါအမျိုးအစားအလိုက် ဆေးခန်း၊ ဆေးရုံ၊ အထူးဆေးခန်းများသို့ သွားရောက်ရမည်။
ထို့အပြင် ဆေးဆိုင်များတွင် ဆေးဝယ်နိုင်ပါသည်။ သို့သော် ဆေးတချို့ကို ဆေးရုံမှ ဆရာဝန်ညွှန်ကြားချက်မရှိပါက ဝယ်ယူ၍ မရနိုင်ပါ။
လိုအပ်သော ဆေးဝါးကုသမှုကို သေချာပေါက် ခံယူ နိုင်ပါတယ်။ ဆေးရုံဆေးခန်းသို့ သွားသည့်အခါ ➡ ဆေးစစ်ပြသသည့်နည်းလမ်းများ (လင့်ခ်) ကိုကြည့်ပါ။
မှတ်ချက်
ဤအချက်အလက်က အကူအညီဖြစ်ပါသလား။
• ကျန်းမာရေးအာမခံဆိုသည်မှာ ထိခိုက်ဒဏ်ရာရချိန် သို့မဟုတ် ဖျားနာချိန်တွင် ကုန်ကျသော ဆေးဝါးကုသစရိတ်ကို လူတိုင်းမှ မျှဝေပေးဆောင်သည့် စနစ်တစ်ခုဖြစ်သည်။
• ဂျပန်နိုင်ငံတွင် လူတိုင်းကျန်းမာရေးအာမခံ တစ်ခုခုကို ဝင်ရပါသည်။
• နိုင်ခြားသားများလည်း ဝင်ရောက်ရပါသည်။
• ကျန်းမာရေးအာမခံဝင်ရန် ကျန်းမာနေစဥ်လည်း လတိုင်း အာမခံကြေးငွေကို ပေးဆောင်ရပါသည်။
• အာမခံကြေးသည် သင်ရရှိသည့်ဝင်ငွေပေါ်မူတည်၍ ကွဲပြားခြားနားပါသည်။
• ကျန်းမာရေးအာမခံဝင်ထားပါက ဆေးရုံဆေးခန်းတွင် သင်ပေးရသောငွေသည် ကုန်ကျငွေ၏ ၃၀ % (၇၀% လျှော့) ဖြစ်သည်။
• သင်၏ စီမံကွပ်ကဲရေးအဖွဲ့မှ “ နိုင်ငံခြားသား အလုပ်သင် အထွေထွေအာမခံ” (JITCO အာမခံ) စသည်များတွင်ပါဝင်ထားပါက ဆေးရုံဆေးခန်းတွင် ပေးဆောင်ရမည့် ကျသင့်ငွေ ၃၀ % ကိုလည်း သင့်ကိုယ်စားပေးဆောင်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိမိ ပေးဆောင်ရမယ့်ငွေသည် သုညဖြစ်ပါသည်။
• ကုမ္ပဏီနှင့် အတည်ပြုကြည့်ကြပါစို့။
• ကျန်းမာရေးအာမခံသည်– ၀န်ထမ်းကျန်းမာရေးအာမခံနှင့် အမျိုးသားကျန်းမာရေးအာမခံ ဟူ၍ အမျိုးအစားနှစ်မျိုး ရှိပါသည်။ ထိုနှစ်ခု၏ ကွဲပြားခြားနားချက်ကို အောက်တွင် ရှင်းပြထားပါသည်။
“ ၀န်ထမ်းကျန်းမာရေးအာမခံ” နဲ့ “ အမျိုးသားကျန်းမာရေးအာမခံ” ဆိုပြီးရှိပါတယ်။
အလုပ်သမားများသည် ဤအမျိုးအစားနှစ်ခုထဲမှ တစ်ခုကို ဝင်ရပါသည်။
D သည် ပုဂ္ဂလိက လယ်ယာတွင် အလုပ်လုပ်နေသဖြင့် အမျိုးသား ကျန်းမာရေးအာမခံ ဝင်ထားပါသည် ။
A သည် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသဖြင့် ၀န်ထမ်းကျန်းမာရေးအာမခံ ဝင်ထားပါသည်။
ကျန်းမာရေးအာမခံရနိုင်မရနိုင်သိရန် သင့်ကုမ္ပဏီနှင့် အတည်ပြုပါ။

အာမခံကတ်များ ပြုလုပ်သည့် ဂျပန်ကျန်းမာရေးအာမခံအဖွဲ့အစည်း၏ ဌာနခွဲ
• ကုမ္ပဏီ အစရှိသည်၏ ကျန်းမာရေးအာမခံကို မဝင်ထားသူ
• ၇၅ နှစ်အောက် ငယ်သောသူ
• ဂျပန်နိုင်ငံတွင် ၃ လနှင့်အထက် နေထိုင်သူ နိုင်ငံခြားသား
※ ဆေးကုသရန်အတွက်နေထိုင်ခွင့် အစရှိသော အထူးနေထိုင်ခွင့် ရရှိထားသောသူများသည် ကျန်းမာရေးအာမခံဝင်ခွင့်မရပါ။

• သင်၏ကုမ္ပဏီအစရှိသည်တွင် လျှောက်တင်ရပါသည်။
• လစဥ် အာမခံကြေးကို သင်နှင့် သင်၏ကုမ္ပဏီမှ တဝက်စီ ပေးဆောင်ရပါသည်။
• သင့်လစာမရမီ သင်ပေးဆောင်ရမည့် အာမခံကြေးကို နှုတ်ယူပါမည်။
* အကယ်၍ သင်အလုပ်ထွက်သည့်အခါ ကုမ္ပဏီ၏၀န်ထမ်းကျန်းမာရေးအာမခံကတ်ကို ဆက်လက်အသုံးပြုနိုင်မည်မဟုတ်ပါ။
* အလုပ်မှထွက်ပြီးသည့်တိုင် နေထိုင်ကြောင်းထောက်ခံစာရှိပါက အမျိုးသားကျန်းမာရေးအာမခံကို ဝင်နိုင်ပါသည်။
• မိမိနေထိုင်သော မြို့၏အုပ်ချုပ်ရေးမှုးရုံးတွင် လျှောက်ထားပါ။
• အိမ်ပြောင်းရွှေ့သောအခါ သို့မဟုတ် အလုပ်စတင်လုပ်သည့်အခါတွင် အုပ်ချုပ်ရေးမှုရုံးသို့ ဆက်သွယ်ပါ။
• သင်၏ မိသားစုဝင်အရေအတွက်၊ ဝင်ငွေပမာဏနှင့် အခြားအချက်များအပေါ်မူတည်၍ လစဉ်အာမခံကြေးသည် ကွာခြားပါသည်။
• အထူးအခြေအနေတရပ်ရပ်ကြောင့် အာမခံကြေးကို လျှော့ချစေလိုပါက အုပ်ချုပ်ရေးမှုးရုံးတွင် စုံစမ်းတိုင်ပင်ပါ။
ကုန်ကျငွေ၏ ၃၀%
※ကလေးငယ်နှင့် သက်ကြီးရွယ်အိုများမှာ ကွဲပြားပါသည်။
※ဥပဒေပြုပြင်ပြောင်းလဲခြင်းကြောင့် ပြောင်းလဲနိုင်ခြေရှိပါသည်။
ကုန်ကျငွေ၏ ၃၀%
※ကလေးငယ်နှင့် သက်ကြီးရွယ်အိုများမှာ ကွဲပြားပါသည်။
※ဥပဒေပြုပြင်ပြောင်းလဲခြင်းကြောင့် ပြောင်းလဲနိုင်ခြေရှိပါသည်။
ရှိပါသည်။


※လုပ်ထုံးလုပ်နည်းများသည် ကိုယ်တစ်ဦးတည်းပြုလုပ်ရန် ခက်ခဲပါသဖြင့် ဆေးရုံ၏ လူမှုရေးလုပ်သား အစရှိသည်ကို တိုင်ပင်ကြပါစို့။ ထို့အပြင် အနီးအနားရှိ ဂျပန်လူမျိုးနှင့် နိုင်ငံခြားသားများကို တိုင်ပင်ကြပါစို့။
[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]တွင်ရှိသော ကောင်တာများတွင် တိုင်ပင်နိုင်ပါသည် ။
အခြေခံအားဖြင့် မရပါ။ သို့သော် ရနိုင်သော အခြေအနေ (ပါလာသောငွေသားက မလုံလောက်ပါက တစ်စိတ်တစ်ပိုင်းသာ ပေးဆောင်ပြီး ကျန်ငွေကို နောက်နေ့တွင်ပေးဆောင်ခြင်း စသည်) လည်းရှိသောကြောင့် ဆေးရုံဆေးခန်းတွင် ငွေပေးချေချိန်တွင် မေးမြန်းကြည့်ကြပါစို့။
အအေးမိခြင်း၊ ဝမ်းပျက်ခြင်းစသည့် အပေါ့စား ရောဂါလက္ခဏာများအတွက် နီးစပ်ရာ ဆေးခန်းများသို့ သွားနိုင်ပါသည်။
ကြီးမားသော ရောဂါလက္ခဏာနှင့် ဒဏ်ရာများအတွက် ဆေးရုံသို့ သွားပါ။
အအေးမိခြင်း၊ ဝမ်းပျက်ခြင်းစသည့် အပေါ့စား ရောဂါလက္ခဏာများ

ဆေးရုံ၊ ဒေသန္တရဆေးခန်း
ဆရာဝန်၏မိတ်ဆက်စာ
ကြီးမားသော ရောဂါဝေဒနာကို စစ်ဆေးတွေ့ရှိပါက
ခွဲစိတ်ရန်၊ ဆေးရုံတက်ရန်လိုချိန်
ကြီးမားသော ရောဂါလက္ခဏာနှင့် ဒဏ်ရာများ

ဆေးရုံကြီး
(အထွေထွေ ရောဂါကု ဆေးရုံ)
ဆေးရုံ – ဆေးရုံကုတင် ၂၀အထက်
ဆေးခန်း – ဆေးရုံကုတင် ၁၉ အောက်
※ကုတင်၂၀၀အထက် ဆေးရုံကြီးကို သွားသည့်အခါ၊ 「ဆရာဝန်၏မိတ်ဆက်စာ」မပါပါက ဆေးကုသစားရိတ်အပြင် ယန်း ၁၀၀၀〜၈၀၀၀ လောက် အပိုပေးဆောင်ရပါသည်။
ဂျပန်ပြည်တွင် မည်သူမဆို ဆေးရုံဆေးခန်းတွင် ဆေးကုသမှုခံယူခွင့် ရှိပါသည်။
ဆေးကုသမှုခံယူချိန်တွင် လိုအပ်သော အချက်အလက်များ ပါဝင်သဖြင့် ဖတ်ရှုပါ။
ဆေးကုသမှုဌာနသို့ မိမိမှတင်ပြသည့်အချက်အလက်/ အထောက်အကူပြုမေးခွန်းလွှာ FORM_VIETNAM.PDF
ဆေးရုံသွားသည့်အခါ ငွေသား (လက်ငင်းငွေ)၊ သက်တန်းရှိကျန်းမာရေးအာမခံကတ် သို့မဟုတ် အခြားအသုံးပြုနိုင်သော နေထိုင်ခွင့် စာရွက်စာတမ်း၊ ကျန်းမာရေး အာမခံနှင့်ဆက်စပ်ထားသော
MyNumberကပ်ပြား ကို မလဲမသွေ ယူဆောင်သွားပါ။
နားမလည်ပါက အနီးအနားရှိ လူအား မေးကြားပေးစေ
လိုပါသည်။
ရှိပါက ယူသွားသင့်သော အရာ : ယခုလက်ရှိ သောက်သုံးနေသော ဆေး၊ ယခင်ပြုလုပ်ထားသော ဆေးစစ်ချက်၊ ဆေးမှတ်တမ်း စသည်
※ကာယကံရှင်ဖြစ်ကြောင်းအထောက်အထား(နိုင်ငံခြားသား မှတ်ပုံတင်ကတ် (ဇိုင်းလျူးကတ်)၊ နိုင်ငံကူးလက်မှတ် စသည်)ကို ပြသဖို့လိုအပ်တတ်ပါသဖြင့် ယူဆောင်သွားပါ။
※ကျန်းမာရေးအာမခံကတ်ကို ယူဆောင်မသွားပါက သို့မဟုတ်ကျန်းမာရေးအာမခံ မဝင်ထားပါက ကုန်ကျငွေကို အပြည့်ပေးဆောင်ရပါမည်။
ရောဂါနှင့် ဒဏ်ရာအပေါ်မူတည်ပြီး ဆေးကုသမှုဌာနများ ကွဲပြားပါသည်။
နေမကောင်းဖြစ်သည့်အခါ လုပ်ရန် အဆင့် ၃ဆင့်။
ကိုယ်လက်မအီမသာ မကျန်းမာသောအခါ ရောဂါလက္ခဏာ မပြင်းထန်လာမီ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ပြသကြပါစို့။
တစ်ယောက်ထဲပူပန်မနေပဲ ခင်မင်ရင်းနှီးသူတစ်ယောက်ယောက်နှင့် တိုင်ပင်ပါ။
‘- ပထမဦးစွာ ကိုယ်နှင့်နီးစပ်သော ဂျပန်လူမျိုး၊ အလုပ်ရှင်အား ဆေးရုံဆေးခန်းသွားရန် တိုင်ပင်ကြပါစို့။
‘- အဆင့် ၁ လုပ်ရန် ခက်ခဲပါက ဆေးရုံဆေးခန်းကို လမ်းညွှန်ပေးနိုင်သော ကောင်တာကို ရှာဖွေပြီး ဖုန်းဆက်ကြပါစို့။
အရင်ဆုံး အနီးအနားရှိ ဆေးရုံဆေးခန်းများတွင် ပြသစစ်ဆေးကြပါစို့။
‘- စမတ်ဖုန်း(Google Map အစရှိသည်) တို့ကိုအသုံးချကာ နီးစပ်ရာ ဆေးရုံဆေးခန်းကို ရှာဖွေကြပါစို့။
[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]
အခန်းစဥ် ၀ :[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]တွင်ရှိသော ဖုန်းနံပါတ်များကိုဆက်၍ တိုင်ပင်နိုင် ပါသည် ။
အလုပ်မှလူကို အကြောင်းကြားပါ။
※ဆေးရုံပြသရန်၊ မကျန်းမာ၍ အနားယူရန်စသည်အတွက် အလုပ်မှ အနားယူနိုင်ပါသည်။ လစာဖြင့်ခွင့်သည် အလုပ်သမား၏ ရပိုင်ခွင့် အခွင့်အရေးဖြစ်ပါသည်။
※အလုပ်လုပ်နေသောသူသည် နေထိုင်မကောင်းဖြစ်ပါက၊ ကာလအပိုင်းအခြားတစ်ခုအထိ အလုပ်မှ အနားယူစေရန် ကုမ္ပဏီတွင်တာဝန်ရှိပါသည်။ ဤအရာကို (ကျန်းမာရေး)ဆေးခွင့် ဟုခေါ်ပါသည်။ (ကျန်းမာရေး)ဆေးခွင့်ကို ယူရန် ဆေးမှတ်တမ်း လိုအပ်သဖြင့် အလုပ်မှ တာဝန်ခံဖြင့် တိုင်ပင်ပါ။
※အကြောင်းမကြားပဲ အလုပ်ကိုအနားယူပါက「ခွင့်မဲ့အလုပ်ပျက်ခြင်း」ဖြစ်ပြီး၊ (ဆက်လက်အလုပ်လုပ်ရန်ခက်ခဲနိုင်ခြေ) အခက်အခဲများ ရှိနိုင်ပါသည်။ ရောဂါကြောင့် အလုပ်မှခွင့်ယူရန် လိုအပ်သည့်အခါတွင် အလုပ်မှ လူအား ပွင့်လင်းစွာ ပြောကြားပါ။
ဆေးရုံဆေးခန်းသို့ သွားပါ။
ရောဂါကြောင့် အလုပ်ကို အနားယူသည့် သက်သေအဖြစ် ဆေးရုံဆေးခန်းမှ 「ဆေးစစ်ချက်မှတ်တမ်း」နှင့် 「ဆရာဝန်ဆေးလက်မှတ်」ကို ရယူရန် လိုအပ်ပါသည်။
※ဤစာရွက်စာတမ်းများကို ထုတ်ယူရန် ယန်း ၃၀၀၀ မှ ယန်း၅၀၀၀ခန့် ကုန်ကျပါမည်။
–ဆေးဝါးများကို ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည် ။ ဆရာဝန်ဖြင့်ပြသပြီး လိုအပ်သောဆေးကို ညွှန်းပေးသောအခါတွင် ထိုဆေးညွှန်းကိုယူ၍ ဆေးဆိုင်တွင်ဝယ်ယူနိုင်ပါသည်။
ဆေးဆိုင်များတွင် ဆေးဝါးပညာရှင် ဟုခေါ်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သည့် အတတ်ပညာရှင်များ ရှိပါသည်။ လိုအပ်တဲ့ ဆေးဝါးကို ဝယ်နိုင်လား၊ မည်သည့်ဆေးကိုဝယ်ရမည်၊ မည်ကဲ့သို့ ဆေးသောက်ရမည်၊ မည်ကဲ့သို့ ဆေးရုံတွင် ဆေးကုသမှုခံယူရမည်များကို ဆေးဝါးပညာရှင်အား မေးမြန်းနိုင်ပါသည်။
တစ်လနှင့်အထက် သောက်သုံးရန် ဆေးဝါးများကို ဂျပန်သို့ သယ်ယူလာခြင်း၊ သင့်နိုင်ငံမှ တင်ပို့ခြင်းများ ပြုလုပ်သည့်အခါ လုပ်ထုံးလုပ်နည်း (ကုန်ပစ္စည်းတင်သွင်းခွင့်လက်မှတ်)လိုအပ်ပါသည်။ ထို့အပြင် မိမိကသယ်ယူလာသော ဆေးဝါးများကို အသိမိတ်ဆွေများအား ရောင်းခြင်း၊ ဝေငှခြင်း နှင့် ဝယ်ယူခြင်း၊ ရယူခြင်းများကို ဂျပန်ဥပဒေက ခွင့်မပြုပါ။ လုံးဝ ရှောင်ကြဥ်ရပါမည်။
ကျန်းမာရေးအာမခံဝင်၍ မရတော့သောကြောင့် ဂျပန်နိုင်ငံတွင်း ဆေးရုံဆေးခန်းသို့သွားမည်ဆိုလျှင် ကုန်ကျစရိတ်အားလုံးကို အပြည့်အဝ ပေးဆောင်ရမည် ဖြစ်ပြီး ဆေးကုသစရိတ် များစွာကုန်ကျပါမည်။
• သို့ရာတွင် အလုပ်မှထွက်ပြေးနေစဥ်ကာလတွင်လည်း နေမကောင်းဖြစ်ပါက ဆရာဝန်ပြသခြင်း၊ ဆေးဝါးကုသခြင်းများသည် သင့်အသက်ကို စောင့်ရှောက်ရန်အတွက် အရေးကြီးပါသည်။
• ထွက်မပြေး၍ မဖြစ်သော အခြေအနေရှိသည့်အခါနှင့် အလုပ်မှထွက်ပြီးနောက် နေမကောင်းဖြစ်သည့်အခါ အကူအညီပေးသော အဖွဲ့အစည်းများနှင့် တိုင်ပင်ကြပါစို့။
• ကျန်းမာရေးအာမခံမရှိသော်လည်း၊ ဖျားနာနေသည့်အခါ ကာယကံရှင်က ပေးဆောင်ရသော ဆေးကုသငွေကို လျှော့ချပေးသော ဆေးရုံများလည်း ရှိပါသည်။ သို့သော် ထိုသို့သော ဆေးရုံက နည်းပါးပြီး၊
လုပ်ထုံးလုပ်နည်းများလည်း ရှုပ်ထွေးပါသဖြင့်
အကူအညီပေးသော အဖွဲ့အစည်းများဖြင့်
တိုင်ပင်ဆွေးနွေးပါ။
ဂျပန်-ဗီယက်နမ် ကူညီပံ့ပိုးရေးအသင်း Tomoiki
အောက်ပါ QR ကုဒ်ကို အသုံးပြုပြီး Facebook Messenger မှတစ်ဆင့် အကြံပေးမှုကို တောင်းခံနိုင်ပါသည် (စကားစဉ်ကို ဂျပန်ဘာသာဖြင့် စတင်ပေမယ့် ဗီယက်နမ်ဘာသာဖြင့် အသုံးပြုနိုင်သည်)
